မြောက် ဥက္ကလာပမြို့နယ် သွေး အကူအညီပေးရေးအဖွဲ့ ဆွေးနွေးပွဲ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အသက်ကယ်သွေး အကူအညီပေးရေးအဖွဲ့ (NLD-BG) (မြောက်ဥက္ကလာပမြို့နယ်) လေးလပြည့်အထိမ်းအမှတ် သွေးလှူဒါန်းမှုအကြောင်း ဆွေးနွေးပွဲကို နာယကကြီး ကာတွန်း ကိုအောင်၊ တာဝန်ခံ ဒါရိုက်တာ မသန်းသန်းနု၊ ကိုအေးနိုင်၊ ကိုဝင်းနိုင်၊ ကိုအောင်သန်း၊ ကိုဇော်မင်းဦးတို့ ကမကထပြုကာ ၂၀၁၂ မေလ ဒုတိယပတ်အတွင်းက ကျင်းပခဲ့ပါတယ်။

နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ကျင်းပတဲ့ ထို ဆွေးနွေးပွဲကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အသက်ကယ်သွေး အကူအညီပေးရေးအဖွဲ့ (NLD - BG) တာဝန်ခံ ဒါရိုက်တာ ကိုညီညီ၊ အသက်ကယ်သွေး အကူအညီပေးရေး တာဝန်ခံ ဒေါ်သီတာဝင်းအောင်၊ မယဉ်ယဉ်တိုက်၊ မစုစု၊ ကိုဇာနည်နဲ့ ဧည့်ပရိသတ် ငါးဆယ်ခန့် တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲတွင် သွေး အကူအညီပေးရေးကိစ္စရပ်များနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများကို ကြာဇံကြော်၊ ကော်ဖီ တို့ဖြင့် တည်ခင်း ဧည့်ခံခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အသက်ကယ်သွေး အကူအညီပေးရေးအဖွဲ့ (NLD-BG) (မြောက်ဥက္ကလာပမြို့နယ်) အနေနဲ့ စတင်ဖွဲ့စည်းတဲ့ ၂၀၁၂၊ ဇန်န၀ါရီ ၁၀ ရက်နေ့မှ မေ ၁၂ ရက်နေ့အထိ အေ (A) အမျိုးအစား သွေးပုလင်း ၁၆၀၊ ဘီ (B) အမျိုးအစား သွေးပုလင်း ၁၅၅ လုံး၊ အို (O) အမျိုးအစား သွေးပုလင်း ၁၇၀ ၊ အေဘီ (AB) အမျိုးအစား သွေးပုလင်း ၄၅လုံး ၊ A- အမျိုးအစား သွေးပုလင်း ၃ လုံး၊ စုစုပေါင်း သွေးပုလင်းပေါင်း ၅၃၃ လုံး လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အသက်ကယ်သွေး အကူအညီပေးရေးအဖွဲ့ (NLD-BG) ကို ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကိုညီညီတို့ စတင် ဖွဲ့စည်းခဲ့ပြီး ယခုအခါတွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ သန်လျင်၊ လှိုင်သာယာ၊ တိုက်ကြီး၊ ဥက္ကံ၊ မှော်ဘီမြို့နယ်များ၊ မကွေးတိုင်း ပွင့်ဖြူမြို့နဲ့ ပခုက္ကူမြို့၊ စစ်ကိုင်းတိုင်း မုံရွာမြို့၊ မန္တလေးတိုင်း မန္တလေးမြို့၊ ချင်းပြည်နယ် ကလေးမြို့၊ ပဲခူးတိုင်း ဖြူးမြို့၊ ကချင်ပြည်နယ် နမ္မတီးမြို့၊ ဧရာဝတီတိုင်း ဇလွန်မြို့နဲ့ ဓနုဖြူမြို့များတွင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

သတင်း - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အသက်ကယ်သွေး အကူအညီပေးရေးအဖွဲ့ (NLD-BG) (မြောက်ဥက္ကလာပမြို့နယ်) - May 15 2012 06:15 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005