ဆီယက်တဲလ်ရောက် မြန်မာတိုင်းရင်းသားများနဲ့ ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်တို့ တွေ့ဆုံ

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ဟာ ၀ါရှင်တန်ပြည်နယ်၊ ဆီယက်တဲလ်မြို့ကို ၂၀၁၂ မေ ၁၀ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၄၀ က ရောက်ရှိခဲ့ရာ ဒေသခံ ပြည်သူ့ဂုဏ်ရည်အဖွဲ့ တာဝန်ခံများနဲ့ ဦးကျော်သူတို့ရဲ့ သားဖြစ်သူ ကိုပြည်သိန်းကျော်တို့က ကြိုဆိုခဲ့ကြပါတယ်။

ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်တို့နဲ့ စီယက်တဲလ်ရှိ မြန်မာတိုင်းရင်းသားများ တွေ့ဆုံပွဲကို North Seattle Community college ၊ Center cafeteria တွင် မေ ၁၁ ရက်နေ့ ညနေ ၃ နာရီမှ ည ၈ နာရီခွဲအထိ ကျင်းပခဲ့ပါတယ်။ ထို တွေ့ဆုံပွဲတွင် ဒေသခံများရဲ့ ဖျော်ဖြေမှု၊ ဦးကျော်သူတို့က နာရေး ကူညီမှုအသင်းအကြောင်း ရှင်းလင်း ပြောကြားမှုများ ပါဝင်ခဲ့ကာ နာရေး ကူညီမှုအသင်းကို အမေရိကန် ဒေါ်လာ (၁၃,၄၄၂) ၊ ကနေဒါ ဒေါ်လာ (၂၁၀) လှူဒါန်းခဲ့ပါတယ်။

ဓါတ်ပုံသတင်း - ဦးကျော်သူ ဒေါ်ရွှေဇီးကွက် ပြည်သူ့ဂုဏ်ရည် စီယက်တဲလ် တွေ့ဆုံပွဲ နာရေး ကူညီမှုအသင်း (ရန်ကုန်) - May 15 2012 05:02 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005