ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် ဆန်ဖရန်စစ္စကို မြန်မာမိသားစု တွေ့ဆုံပွဲ ကျင်းပ (၂)

တွေ့ဆုံပွဲ အခမ်းအနားကို မွန်းလွဲ ၁ နာရီခွဲတွင် စတင်၍ မမီးမီးနဲ့အဖွဲ့ တင်ဆက်တဲ့ ‘ပြည်ထောင်စုအလှ’ တေးသရုပ်ဖော်ဖြင့် ဖွင့်လှစ်ခဲ့ပါတယ်။ အခမ်းအနားမှူးများအဖြစ် ကိုထိန်လင်းနှင့် မနန္ဒီကျော်မင်း တို့က ဆောင်ရွက်ခဲ့ကြပါတယ်။ ဆက်လက်၍ နွေဦးဒိုးပတ်အဖွဲ့ရဲ့ သံချပ်၊ တေးသံရှင် ဇယံဓနဲ့ မခင်ခင်အုန်းတို့ရဲ့ မြိုင်ထ နှစ်ပါးသွားအက၊ ကိုဝေဖြိုး၊ ကိုကျော်ကျော်စိုး၊ ဂျနီဖာနဲ့အဖွဲ့က ‘လူပျို့ဝါဒ အပျို့ဝါဒ’ တေးသရုပ်ဖော်တို့ကို တင်ဆက်ခဲ့ကြပါတယ်။

ထို့နောက် ဒေါ်ရွှေဇီးကွက်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းကို မနန္ဒီကျော်မင်းက ဖတ်ပြပြီး ဒေါ်ရွှေဇီးကွက်က နာရေးကူညီမှုအသင်း (ရန်ကုန်) အကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ဦးကျော်သူရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပြီးနောက် ဦးကျော်သူက ၎င်းရဲ့ အနုပညာဖြတ်သန်းမှုအကြောင်း မိတ်ဆက်စကား ပြောကြားကာ ‘ကျော်သူ၏ အတိတ်ဘ၀ ဖြတ်သန်းမှု ပုံရိပ်များ’ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ပါတယ်။

ထူးခြားချက်အနေဖြင့် ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ စကားပြောရန် စင်မြင့်သို့ ထွက်ခွာတဲ့အချိန်များ၌ ပရိသတ်အားလုံးက မတ်တတ်ရပ်ကာ ဂုဏ်ပြုခဲ့ကြပါတယ်။

အနုပညာ မှတ်တမ်းရုပ်ရှင် ပြသပြီးနောက် ဦးကျော်သူက နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဖြတ်သန်းမှုမှတ်တိုင်များနဲ့ ပတ်သက်၍ အနည်းငယ် ရှင်းပြကာ ‘F.F.S.S ပေးဆပ်မှု သမိုင်းကြောင်း’ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ပါတယ်။ ယင်းနောက် ပရိသတ်များရဲ့ မေးခွန်းများကို ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက် တို့က ဖြေကြားခဲ့ကြပါတယ်။ အခမ်းအနားအတွင်း နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် အလှူငွေ ဒေါ်လာ ၂ သောင်း ၃ ထောင်ကျော် ရရှိကြောင်း ကြေငြာခဲ့ပါတယ်။

အမေးအဖြေကဏ္ဍအပြီး၌ ကိုခင်မောင်အေးက ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ကို မြန်မာမိသားစုများကိုယ်စား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပါတယ်။ ထို့နောက် ကိုကျော်ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို မြန်မာနိုင်ငံတော်သီချင်း သီဆိုကာ အဆုံးသတ်ခဲ့ပါတယ်။

အခမ်းအနား ပြုလုပ်တဲ့ မေလ ၆ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မှ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် လှူဒါန်းငွေ စုစုပေါင်း ဒေါ်လာ ၂ သောင်း ၉ ထောင်ကျော် ရရှိခဲ့ပါတယ်။

ဓါတ်ပုံသတင်း - ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက် ဆန်ဖရန်စစ္စကို မြန်မာမိသားစု တွေ့ဆုံပွဲ - May 10 2012 03:36 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005