ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် ဆန်ဖရန်စစ္စကို မြန်မာမိသားစု တွေ့ဆုံပွဲ ကျင်းပ (၁)

၂၀၁၀ ပြည့်နှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူ၊ ဇနီး ဒေါ်ရွှေဇီးကွက်နဲ့ ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ် မေလ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဒေသ 6430, Thornton Ave., Newark ရှိ Newark Pavilion တွင် ကျင်းပရာ ပရိသတ် ငါးရာခန့် တက်ရောက်ခဲ့ပါတယ်။

လော့စ်အိန်ဂျယ်လိစ်မြို့မှ လေယာဉ်ခရီးဖြင့် ရောက်ရှိလာတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ ဇနီးမောင်နှံဟာ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် အခမ်းအနား ကျင်းပရာ ခန်းမသို့ ရောက်ရှိလာရာ ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲ အဖွဲ့ဝင်များနဲ့ စေတနာရှင်များက ၀ိုင်းဝန်း ကြိုဆိုကာ ဦးကျော်သူတို့ နှစ်ဦး ကျန်းမာစေကြောင်း ဆုတောင်းစကား ပြောကြားကြပါတယ်။

မွန်းတည့် ၁၂ နာရီတွင် ဈေးရောင်းပွဲ စတင် ပြုလုပ်ပြီး အခမ်းအနားသို့ ရောက်ရှိလာသူများက မုန့်ဟင်းခါး၊ ကြာဆံကြော်၊ ကောက်ညၟင်းပေါင်း၊ ဆီထမင်း၊ မြန်မာထမင်းဟင်း အစရှိသည့် အစားအသောက်များကို ၀ယ်ယူ စားသောက်ကြတဲ့အပြင် အလှူခံဌာနသို့ သွားရောက်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် အလှူငွေများ ပေးအပ်ကြပါတယ်။

ဓါတ်ပုံသတင်း - ဦးကျော်သူ ဒေါ်ရွှေဇီးကွက် ဆန်ဖရန်စစ္စကို မြန်မာမိသားစု တွေ့ဆုံပွဲ - May 10 2012 03:36 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005