လော့စ် အိန်ဂျလိစ်ဒေသ၊ သုန္ဒရာရာမ ဗြဟ္မ၀ိဟာရကျောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျလိစ်ဒေသရှိ သုန္ဒရာရာမ ဗြဟ္မ၀ိဟာရကျောင်းတွင် ၂၀၁၂ မေလ ၆ ရက်နေ့က ကျင်းပတဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲမှတ်တမ်း ဓါတ်ပုံများ ဖြစ်ပါတယ်။ ထို ညောင်ရေသွန်းပွဲကို လော့စ် အိန်ဂျလိစ်ဒေသတွင် နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားများ ကြွရောက်ခဲ့ကာ ကျောင်းဝင်းအတွင်းရှိ ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းကြသလို ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပါယ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များအား စားသောက်ဖွယ်ရာများနဲ့ ဧည့်ခံခဲ့ပြီး နေ့လည်ပိုင်းတွင် ပြုပြုသမျှ ကောင်းမှုကုသိုလ်အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါတယ်။

ဓါတ်ပုံသတင်း - လော့စ် အိန်ဂျလိစ် သုန္ဒရာရာမ ဗြဟ္မ၀ိဟာရကျောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲ - May 10 2012 01:24 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005