တပ်မတော် အင်ဂျင်နီယာတပ် ဗိုလ်မှူးအမိန့်နဲ့ မီးရှို့ ဖျက်ဆီးခံရတဲ့ ဆုံပွိုင့် စားသောက်ဆိုင်

လမ်းဖွင့်လှစ်ရန် အကြောင်းပြချက်နဲ့ မြန်မာ့တပ်မတော် အမှတ် ၉၆၇ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် တွင် တာဝန်ထမ်းဆောင်သူ ဗိုလ်မှူး အောင်နိုင်ဝင်းရဲ့ အမိန့်အရ သက်ဆိုင်ရာ စစ်သားများက မိတ္ထီလာမြို့နယ်၊ သီးကုန်းကျေးရွာအုပ်စု၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၆/၃) အရှေ့ဘက် ပေ (၁,၅၀၀) ကျော်ခန့်အကွာ၊ ကျောက်ပန်းတောင်း မိတ္ထီလာလမ်း မြောက်ဘက် နေရာတွင် ဖွင့်လှစ်ထားတဲ့ ဦးမင်းသူ ပိုင် ဆုံပွိုင့် ထမင်းဆိုင်အား ၂၀၁၀၊ ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် မီးရှို့ခဲ့ပြီး မီးလောင်နေစဉ် ဘူဒိုဇာ (ဘက်ဖိုး) ကားကြီးနဲ့ ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ရက်က မေ ၄ ရက်နေ့ ရက်စွဲနဲ့ ပေးပို့တဲ့ သတင်းတွင် ဖော်ပြထားပါတယ်။

ထိုသို့ မီးရှို့ ဖျက်ဆီးစဉ် ဆိုင်ဝန်ထမ်းနှစ်ဦး အိပ်ပျော်နေပြီး ထို ၀န်ထမ်းနှစ်ဦးမှာ အသက်ဘေးက လွတ်မြောက်အောင် ထွက်ပြေးခဲ့ရကြောင်း၊ မီးရှို့နေတဲ့ မြင်ကွင်းကို ကြည့်နေတဲ့ တပ်မတော် အရာရှိများ၊ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အာဏာပိုင်များက ၀မ်းသာ ရယ်မောစွာ ကြည့်ရှုနေခဲ့ကြောင်း အဆိုပါသတင်းတွင် ရေးသားထားပါတယ်။ ဆိုင် ဖျက်သိမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆိုင်ရှင်က လမ်းပိုင်းတာဝန်ခံ ဗိုလ်မှူးအောင်နိုင်ဝင်း အပါအ၀င် ဒု အရာခံဗိုလ် ဆန်းဝင်းနဲ့ တပ်ကြပ် စိုးဝင်းဋ္ဌေးတို့ထံ တပ်ကြပ် စိုးဝင်းဋ္ဌေးမှတဆင့် အသနားခံစာ တင်ထားစဉ် မီးရှို့ခြင်း ဖြစ်ကြောင်း အဆိုပါသတင်းအရ သိရပါတယ်။

ဆိုင်ကို မီးရှို့ပြီး သိမ်းထားတဲ့ နေရာတွင် စစ်တပ်က ကျွန်းပင်များ စိုက်ပျိုးခဲ့သော်လည်း ကျွန်းပင်များ ရှင်သန်ခြင်း မရှိကြောင်း၊ ဖျက်ဆီးမှုကြောင့် အလျား ၄၅ ပေ၊ အနံ ပေ ၄၀ အဆောင်တဆောင်၊ အလျား ၂၄ ပေ၊ အနံ ၁၄ ပေရှိ အဆောက်အဦနှစ်ဆောင်နဲ့ ပစ္စည်းအနည်းငယ်၊ စုစုပေါင်း ကာလတန်ဖိုး ကျပ် သိန်းသုံးဆယ်ဖိုး ဆုံးရှုံးခဲ့ကြောင်း၊ ဆိုင် ဖျက်သိမ်းရန် ၂၀၁၀ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် ၁၁ နာရီတွင် အကြောင်းကြားစာ ရရှိခဲ့ပြီး ဖျက်သိမ်းနေဆဲမှာ ဖျက်ဆီးခံရခြင်း ဖြစ်ကြောင်း၊ ထို ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆိုင်ပိုင်ရှင် မိတ္ထီလာမြို့နယ်၊ သီးကုန်းကျေးရွာအုပ်စု၊ မကျီးချိုကျေးရွာနေ ဦးမင်းသူက မိတ္ထီလာမြို့၊ သီးကုန်းစခန်း၊ ရန်ကုန် - မန္တလေး အမြန်လမ်းမတာဝန်ခံ အမှတ် ၉၆၇ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် တပ်မှူးထံ စာ ရေးသားပေးပို့ထားကြောင်း သတင်းရရှိပါတယ်။

သတင်း - တပ်မတော် အင်ဂျင်နီယာတပ် ဗိုလ်မှူးအမိန့် ဆုံပွိုင့် စားသောက်ဆိုင် ဦးမင်းသူ ဗိုလ်မှူး အောင်နိုင်ဝင်း - May 9 2012 04:54 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005