မြို့လှမြို့၊ ဆွမ်းစားကျောင်းဆောင် ရေစက်ချ၊ ရဟန်းခံ၊ ရှင်ပြု နားသအလှူတော်မင်္ဂလာ ဓမ္မသဘင်၌ အရှင်ဝီရသူ (မစိုးရိမ်) တရားဟော

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဆရာတော် ဦးဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်) ဟာ ၂၀၁၂၊ မေလ ၆ ရက်နေ့က ပဲခူးတိုင်း၊ မြို့လှမြို့၊ ဆွမ်းစားကျောင်းဆောင် ရေစက်ချ၊ ရဟန်းခံ၊ ရှင်ပြု နားသအလှူတော်မင်္ဂလာ ဓမ္မသဘင်၌ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားခဲ့ပါတယ်။

ထို တရားပွဲတွင် အဓိကရုဏ်းမီးများ ငြိမ်းရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ဝီရသူသဘောထား ၁/၇၄ ကို အကျယ်တဝင့် ရှင်းလင်း ဟောကြားခဲ့ပြီး တိုင်းပြည်မှာ တကယ် ငြိမ်းချမ်းချင်တယ်ဆိုရင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ ညီညွတ်ဖို့လိုကြောင်း၊ ထိုသို့ နိုင်ငံသူ နိုင်ငံသားအားလုံး တွဲလက်မဖြုတ် နောက်မဆုတ်တမ်း ညီညွတ်စွာ ကြိုးပမ်းနိုင်မှ ထာဝရ ငြိမ်းချမ်းရေး ရရှိမှာဖြစ်ကြောင်း၊ မညီညွတ်ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ငုံးငှက်များအကြောင်း ပါဝင်တဲ့ သမ္မောဒမာန ဇာတ်၊ အထင်လွဲမှားမှုကြောင့် အတိဒုက္ခ ရောက်ရရှာတဲ့ ကြို့ပင်နှင့် ဝက်ဝံအကြောင်း ပါဝင်တဲ့ ဖန္ဒနဇာတ်နဲ့ သံဝရဇာတ်၊ မဟာဂေါဝိန္ဒသုတ်တို့ကို အခြေခံကာ ဟောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မြို့လှမြို့တွင် ကျင်းပတဲ့ အရှင်ဝီရသူ တရားပွဲဟာ ဒုတိယအကြိမ် တရားပွဲဖြစ်ပြီး ၂၀၁၂၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပထမအကြိမ် တရားဟောကြားခဲ့ကြောင်း၊ ပထမအကြိမ် ဟောပြောခဲ့တဲ့ “ဂလိုဘယ်လ် မျက်လုံး” တရားတော်ဟာ စာကြည့်တိုက် ထွန်းကားရေး၊ စာကြည့်တိုက် သာသနာပြု တရားတော်ဖြစ်ကြောင်း၊ ထိုတရားကြောင့် စာကြည့်တိုက် အသင်းဝင်သူများ၊ စာအုပ်ငှားသူများ၊ စာအုပ်လှူသူများ ပိုများလာကြောင်း၊ ထို့အပြင် နှစ်ပေါင်းသုံးဆယ်နီးပါး ခါးဆက်ပြတ်ခဲ့ရသော အထူးတရားပွဲကြီးများကိုလည်း ပြန်လည် ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မြို့လှပြည်သူများက ဆရာတော် အရှင် ၀ီရသူအား ပြောပြခဲ့ကြပါတယ်။ အဆိုပါတရားပွဲသို့ မြို့လှမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ၊ သကြားစက်ရုံအရာရှိများ၊ ဝန်ထမ်းများနဲ့ အများပြည်သူ တရားနာ ပရိသတ်များ စည်ကားသိုက်မြိုက်စွာ နာယူကြကြောင်း သတင်းရရှိပါတယ်။

ဓါတ်ပုံသတင်း - ပဲခူးတိုင်း မြို့လှမြို့ ဦးဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်) - May 9 2012 04:46 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005