သာသနဓဇ ဓမ္မာစရိယဘွဲ့ရ အရှင်နန္ဒိယ ဂုဏ်ပြုပွဲ အကြို ဓမ္မသဘင်

၂၀၁၂၊ ဧပြီ ၃၀ ရက်နေ့က ပဲခူးတိုင်းအရှေ့ပိုင်း ကျောက်တံခါးမြို့နယ်၊ ဖျံတလင်းကျေးရွာ၌ သာသနဓဇ ဓမ္မာစရိယဘွဲ့ရ အရှင်နန္ဒိယအား ဂုဏ်ပြုပူဇော်ပွဲ အကြိုတရားပွဲ ကျင်းပရာ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်) က နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားခဲ့ပါတယ်။

ဆရာတော် အရှင် ၀ီရသူ (မစိုးရိမ်) ဟာ တရားမဟောကြားမီ ကျောက်တံခါြးုမို့၊ ဥတ္တမာရုံကျောင်း၌ အနားယူ နေထိုင်ပြီး ဖျံတလင်းကျေးရွာသို့ ကြွခဲ့ကြောင်း၊ ဖျံတလင်းတရားပွဲကျင်းပသူများက ရိုးရာကရင်ဝတ်စုံများ ဝတ်ဆင်၍ ဆိုင်ကယ်များတွင် သာသနာ့အလံတော်များ လွှင့်ထူလျှက် လာကြိုကြကြောင်း၊ ထို့အပြင် ဖျံတလင်းရွာသူ ရွာသားများက ဆီမီးတိုင်များ ထွန်းညှိ ကြိုဆိုကြကြောင်း၊ မူလက ကွင်းပြင်တွင် တရားပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း မိုးရွာသွန်းတဲ့အတွက် ဓမ္မာရုံထဲ ရွေ့ပြောင်းကာ တရားပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။

တရားပွဲမစမီတွင် ဓူတင်ဆောင်ကျောင်းကုန်းတောရ ဆရာတော်ကြီးအား ဆရာတော် အရှင် ၀ီရသူ (မစိုးရိမ်) ဖူးမျှော်ကန်တော့ခဲ့ကြောင်း၊ ကျောင်းကုန်းတောရ ဆရာတော်ကြီးကိုယ်တိုင် ကြွရောက် တရားနာယူခဲ့ ကြောင်း၊ ပရိသတ်များ မဆန့်၍ ကျောင်းဆောင်များ၊ မဏ္ဍပ်များတွင် တရားနာနိုင်ရန် ပရိုဂျက်တာများဖြင့် ပြသထားကြောင်း သတင်းရရှိပါတယ်။

ဆရာတော် အရှင်ဝီရသူဟာ အဆိုပါတရားပွဲ၌ “ကုဏ္ဍကကုစ္ဆိသိန္ဓဝ” ဇာတ်တော်ကို အခြေခံတဲ့ “တန်ဖိုးရှိသူနှင့် တန်ဖိုးသိသူ” တရားတော်ကို ဟောာကြားခဲ့ကြောင်းသိရပါတယ်။ ထိုသို့ ဟောကြားရာ ရွာသူ/သားများက တန်ဖိုးသိ၍ ပူဇော်ကြခြင်း ဖြစ်ကြောင်း၊ အရှင်နန္ဒိယက တန်ဖိုးရှိ၍ ပူဇော်ခံရခြင်း ဖြစ်ကြောင်း၊ တန်ဖိုးရှိသူနှင့် တန်ဖိုးသိသူတို့ ပူးပေါင်းလုပ်ဆောင်မှ အရာရာ အောင်မြင်မှာ ဖြစ်ကြောင်း၊ တန်ဖိုးရှိသူ က အပူဇော်ခံရုံဖြင့် မပြီးသေးဘဲ ရွာသူရွာသား ဆရာသမားများမှစ၍ ရပ်ရွာအတွက်၊ တိုင်းပြည်အတွက်၊ လူမျိုးအတွက် တိုးတတ်ရာ တိုးတတ်ကြောင်း ဆက်လက် လုပ်ဆောင်ပေးဖို့လိုကြောင်း၊ ထိုသို့ မလုပ်လျှင်”ပူဇော်ပွဲလည်းပြီး ရွာလည်းမွဲ” ပုံစံမျိုးဖြင့် ရွာမွဲခြင်းသာ အဖတ်တင်မှာဖြစ်ကြောင်း၊ ရွာသူ/ရွာသားများက သံဃာတော်များ၏ တန်ဖိုးကိုသိ၍ သံဃာတော်များက တန်ဖိုးရှိသည်ထက်ရှိအောင် အမျိုးဘာသာ သာသနာအတွက် အမြဲမပြတ် ဆောင်ရွက်ရမှာဖြစ်ကြောင်း ဟောကြားခဲ့ပြီး မဃဒေ၀လင်္ကာကြီးဖြင့် တရားပွဲသိမ်းခဲ့ကြောင်း သိရပါတယ်။

မြင်းမင်း အဿတိုရ်၊ လေလိုလျှင် မော၊ နွယ်သန့်ကြော သား၊ သိန္ဓောမြင်းစစ်၊ ဖြစ်လင့်တပဲ၊ ဆင်းရဲ မ၀၊ မုဆိုးမ၌၊ မလှစာရေ၊ မှီနေရခိုက်၊ ဖိုးမထိုက်တည်း။
လူ၌ ထို့တူ၊ ဉာဏ်ရှိဟူလည်း၊ ကြီးသူ ဥက္ကဋ္ဌ၊ စိုးရ မှီကင်း၊ ဂုဏ် မ၀င်ဘူး။

(မဃဒေ၀။ ၃၆၄)

၂၀၁၂၊ မေ ၁ ရက်နေ့က ကျင်းပတဲ့ အရှင်နန္ဒိယဂုဏ်ပြုပွဲ အခမ်းအနား တက်ရောက်ခဲ့တဲ့ ဆရာတော် ဦးဝီရသူ (မစိုးရိမ်) ဟာ သက်တော်ရှစ်ဆယ်အရွယ်ရှိ ဓုတင်ဆောင် ကျောင်းကုန်းတောရဆရာတော်ကြီးအား သွားရောက်ကန်တော့ခဲ့ကြောင်း၊ ဆရာတော်ကြီးက သံဃာများ၏ ကန်တော့မှုကို ခံယူဖို့ အမိန့်ရှိတဲ့အတွက် ကန်တော့ခံခဲ့ကြောင်း၊ ၎င်းနောက် သံဃာတော်များအား “ထ” သြ၀ါဒကထာ မိန့်ကြားခဲ့ကြောင်း၊ “စရထ - ခရီးထွက်ကြ၊ ဒေသေထ - တရားဟောကြ၊ ဈာယထ - တရားမှတ်ကြ” ဆိုတဲ့ မြတ်ဘုရားရဲ့ မိန့်မှာစကားများကို လိုက်နာဆောင်ရွက်ကြဖို့ ဟောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထို့နောက် ၂၀၁၂၊ မေ ၁ ရက်နေ့ ည ၈ နာရီတွင် ရမည်းသင်းမြို့နယ် ကံကြီးကျေးရွာ၌ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ ဟောကြားခဲ့ကြောင်း သိရပါတယ်။ တရားပွဲ ကျင်းပရာ ကံကြီးကျေးရွာသို့ ပျော်ဘွယ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်လူငယ်များ ကြိုတင် ရောက်ရှိနေကြပြီး၊ မြို့ရွာအရေး ပါတီအရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးကိစ္စများကို ဆွေးနွေးကြပြီး လူမှုရေးမှာ ဟာမိုနီ၊ အတွေးအခေါ်မှာ ဂလိုဘယ်လ်၊ ယဉ်ကျေးမှုမှာ လိုကယ်လ်အဆင့်ရှိသူ မည်သူမဆိုကို ပါတီဝင်အဖြစ် လက်ခံသင့်ကြောင်း၊ ထိုသို့လက်ခံခြင်းကို အပြည့်အ၀ ထောက်ခံ သွားမှာ ဖြစ်ကြောင်းလည်း ဆရာတော်အရှင်ဝီရသူက ပြောကြားခဲ့ပါတယ်။

ဓါတ်ပုံသတင်း - သာသနဓဇ ဓမ္မာစရိယဘွဲ့ရ အရှင်နန္ဒိယ ကျောက်တံခါးမြို့ ဖျံတလင်းကျေးရွာ အရှင် ၀ီရသူ (မစိုးရိမ်) - May 9 2012 04:33 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005