မြန်မာအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံကူးလက်မှတ် ထုတ်ပေး

ဇွန်လလယ်တွင် ပြည်ပကို ထွက်ခွာရန် ပြင်ဆင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအာဏာပိုင်များက ၂၀၁၂ မေလ ၄ ရက်နေ့တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူ ဦးဉာဏ်ဝင်းကို ကိုးကားပြီး ရန်ကုန်က ပေးပို့တဲ့ အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားပါတယ်။

၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့ခြင်း ဖြစ်ကာ တလခန့်အကြာတွင် အခုလို ရရှိခဲ့တာ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ရရှိကြောင်း သောကြာနေ့တွင် (အာဏာပိုင်တွေက) အသိပေးပါတယ်။ အခု သူ့လက်ထဲမှာ နိုင်ငံကူးလက်မှတ် ရှိနေပါတယ်“ လို့ အေအက်ဖ်ပီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ရာ ပြည်ပကို ခရီးထွက်မယ်ဆိုရင် မြန်မာနိုင်ငံကို ပြန်မလာနိုင်ဘူးလို့ မြန်မာစစ်အစိုးရအဆက်ဆက်က သူ့ကို အသိပေးထားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကင်ဆာရောဂါကြောင့် သေအံ့မူးမူး ဖြစ်နေတဲ့ ခင်ပွန်းသည် မိုက်ကယ်လ်အဲရစ် မကွယ်လွန်မီ သူတို့ဇနီးမောင်နှံ မတွေ့ခဲ့ရပါဘူး။ ထိုစဉ်က မိုက်ကယ်လ်အဲရစ်စ် မြန်မာပြည်ဝင်ခွင့်ဗီဇာပေးဖို့ကိုလည်း မြန်မာစစ်အစိုးရက ငြင်းဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ခင်ပွန်းသည်ကို မြင်တွေ့လိုပေမယ့် မြန်မာပြည်သူများရဲ့အရေးကို အသက်ထက်ဆုံး ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်တဲ့အတွက် မိသားစုအရေးထက် နိုင်ငံ့အရေးကို ပိုပြီး ဦးစားပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ရရှိခြင်း၊ ပြည်ပနိုင်ငံများကို ခရီးထွက်ပြီး မြန်မာပြည်ကို ပြန်လာနိုင်ခြင်း စတဲ့ ကိစ္စရပ်များဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလအတွင်းက လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေများ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရပ်ခြား ခရီးသွားလာခြင်း ကန့်သတ်မှုများကို ပယ်ဖျက်လိုက်ခြင်းဟာ မြန်မာအာဏာပိုင်တွေရဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတခုဖြစ်ကြောင်း လေ့လာသူများက ရှုမြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေ၊ ယူကေနိုင်ငံများကို ခရီးထွက်မှာဖြစ်ကြောင်း တရားဝင်သတင်းများအရ သိထားရသလို အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်ကို လာရောက်ကာ အမေရိကန်လွှတ်တော်က ချီးမြှင့်တဲ့ ဆုကို ရယူရန် ရှိကြောင်း၊ အခြားနိုင်ငံများကိုလည်း ခရီးထွက်ခွာဖို့ စီစဉ်ကောင်း စီစဉ်မှာ ဖြစ်ကြောင်း သတင်းများကိုလည်း ကြားသိထားပါတယ်။

ကိုးကား

http://news.yahoo.com/aung-san-suu-kyi-given-myanmar-passport-105315261.html
သတင်း - ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကုးလက်မှတ် ပြည်ပခရီးစဉ် - May 8 2012 06:09 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005