နှလုံးသားတွေ လှူတဲ့နေ့ (၁)
20120222_FFSSY_KT

၁၇၊ ၂၊ ၂၀၁၂ (သောကြာနေ့) ည (၇း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သော ဆောင်းဦးလှိုင် (တကိုယ်တော်) ဖျော်ဖြေမှု “နှလုံးသားတွေ လှူမယ့် ည” တေးဂီတ ဖျော်ဖြေပွဲတွင် ရရှိသမျှ ဝင်ငွေအားလုံး (၁၂၆) သိန်းတိတိအား သုံးပုံ ခွဲ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ၈၈ ကျောင်းသားများအဖွဲ့တို့အား လှူဒါန်းပြုလုပ်မည် ဖြစ်သော်ငြားလည်း ယင်းည ဖျော်ဖြေပွဲ၌ စင်မြင့်ပေါ်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့အား တက်ခွင့် မပြုခြင်း၊ အသင်း၏ ယူနီဖောင်းဖြစ်သော အဖြူအနက် ဝတ်စုံတို့အား လဲလှယ်ခိုင်းခြင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မော်တော်ယာဉ်များအား အမျိုးသားကဇာတ်ရုံ ဝင်းအတွင်းသို့ ဝင်ရောက်ခွင့် မပြုခြင်း စသည့် အခက်အခဲ အပိတ်အပင်များကြောင့် စင်မြင့်ထက်ပေါ်တွင် အလှူရှင် ပွဲကြည့်ပရိသတ်များ ရှေ့မှောက်၌ အလှူငွေပေးအပ်မှုကို မပြုလုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် အလှူရှင် ပွဲကြည့်ပရိသတ်များ အနေဖြင့်လည်း မုဒိတာပွား၍ သာဓု မခေါ်ဆိုနိုင်ခဲ့ချေ။ သို့သော် နှလုံးသားတွေ လှူမယ့်ည သည် မထင်မှတ်ဘဲ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
20120222_FFSSY_KT

နာရေးကူညီမှုအသင်း ဒု - ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် အဖွင့်အမှာစကား ပြောကြားစဉ်

20120222_FFSSY_KT

20120222_FFSSY_KT

တေးသံရှင် ဆောင်းဦးလှိုင်က အခက်အခဲများ၊ အတွေ့အကြုံများကို ရှင်းလင်း တင်ပြစဉ်

20120222_FFSSY_KT

20120222_FFSSY_KT

ဓါတ်ပုံသတင်း - နှလုံးသားတွေ လှူတဲ့ နေ့ နာရေးကူညီမှုအသင်း ကျော်သူ - Feb 22 2012 05:46 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005