ကိုကျော်သူ၊ မရွှေဇီးကွက်နှင့် လော့စ် အိန်ဂျလိစ် မြန်မာမိသားစုများ တွေ့ဆုံပွဲ အောင်မြင်စွာ ပြီးဆုံး

၂၀၁၀ ပြည့်နှစ်၊ ပြည်သူ့ဂုဏ်ရည်ဆုရှင် သရုပ်ဆောင်၊ ဒါရိုက်တာ၊ အကယ်ဒမီ ကိုကျော်သူ၊ မရွှေဇီးကွက် (နာရေးကူညီမှုအသင်း - ရန်ကုန်) တို့နှင့် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျလိစ်ဒေသနေ မြန်မာမိသားစုများ တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ်၊ မေလ ၅ရက်၊ စနေနေ့ ညနေ ၄ နာရီမှ ည ၉ နာရီအထိ Mark Keppel High School, 501 E. Hellman Ave, Alhambra, CA 91801 တွင် ကျင်းပပြီးစီးခဲ့ပါတယ်။ အဆိုပါ အခမ်းအနားသို့ လော့စ် အိန်ဂျလိစ်ဒေသဝန်းကျင်တွင် သတင်းသုံး နေတော်မူကြသည့် ဆရာတော်၊ သံဃာတော်ကြီးများ၊ ဘာသာရေးဆရာများနှင့် မြန်မာမိသားစု တထောင်ကျော် ကြွရောက်ချီးမြှင့်ခဲ့ကြကြောင်း သိရပါတယ်။

ထိုပွဲတွင် စေတနာရှင်များ ချက်ပြုတ် လှူဒါန်းတဲ့ မြန်မာ့အစာအဟာရပေါင်းစုံကို ဆိုင်ခန်းပေါင်း (၂၂) ဆိုင်နဲ့ ပွဲတော်လာ ဧည့်ပရိသတ်များအား ရောင်းချပေးခဲ့ပါသည်။ ထို ရောင်းချ၍ရရှိသည့် ငွေအားလုံးကို နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ တိုက်ရိုက် ပေးလှူခဲ့ကြပါတယ်။

ဈေးရောင်းပွဲနဲ့အတူ ကျင်းပတဲ့ တွေ့ဆုံပွဲ အခမ်းအနားတွင် မနီလာစိန်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ကာ၊ မလေးနိုင်အိနှင့် မဂျွန်တို့ စီစဉ်တင်ဆက်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင် သရုပ်ဖေါ်ထားတဲ့ ‘အလှကမ္ဘာမြေ’ တေးသီချင်းကို ကိုရန်နိုင်က သီဆိုပြီး ကိုကျော်သူနဲ့ မရွှေဇီးကွက်တို့အား ကြိုဆို ဖွင့်လှစ်ခဲ့ကြပါတယ်။ ထို့နောက် ပြည်သူ့ဂုဏ်ရည်အသင်းမှ ဦးကိုလေးက အဖွင့်မိတ်ဆက်စကားပြောပြီး တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်း ဥက္ကဋ္ဌ ဒေါက်တာဇော်ထွန်းက အမှာစကား ပြောကြားခဲ့ပါတယ်။ ကိုကျော်သူရဲ့ ကိုယ်ရေးအကျဉ်းကို မဇင်မာထွန်းက ဖတ်ကြား၍ မရွှေဇီးကွက်ရဲ့ ကိုယ်ရေးအကျဉ်းကို ကိုသက်ထွန်းတို့က ဖတ်ကြားခဲ့ပါတယ်။ မရွှေဇီးကွက်က ပရိသတ်များအား နာရေးကူညီမှုအသင်းနှင့် ၄င်းရဲ့အတွေ့အကြုံတို့ကို ဟောပြောသွားခဲ့ပါတယ်။ ထို့အပြင် ကိုကျော်သူ ရိုက်ကူး တင်ဆက်တဲ့ ‘ကျော်သူ၏ အတိတ်ဘဝ ဖြတ်သန်းမှု ပုံရိပ်များ’ ရုပ်ရှင်ကားကို ပြသခဲ့ပြီး၊ ဈေးရောင်းပွဲ အလှူငွေများကို ကိုကျော်သူကိုယ်တိုင် လက်ခံ ရယူခဲ့ပါတယ်။

ပရိသတ်ရဲ့တောင်းဆိုမှုအရ ကိုကျော်သူက ပရိသတ်ကို စကားအနည်းငယ် ပြောကြားပေးခဲ့ပါတယ်။ ထို့နောက် ကိုမိုးကျော်က ကောက်ခံရရှိတဲ့ အလှူငွေစာရင်းကို ဖတ်ကြား ကြေငြာပေးခဲ့ရာ စုစုပေါင်းဒေါ်လာသုံးသောင်း (၃၀,၀၀၀) ကျော် ရရှိကြောင်း သိရှိရပါတယ်။ ထို့နောက် ပြည်သူ့ဂုဏ်ရည်အသင်း၊ လော့စ် အိန်ဂျလိစ် ဌာနခွဲ တာဝန်ခံ ကိုအောင်သူစိုးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ မဂျွန်နဲ့ အဖွဲ့သားများ စီစဉ် တင်ဆက်တဲ့ ‘WE ARE THE WORLD’ တေးသီချင်းကို ကလေးငယ်များ ပါဝင် သီဆိုကာ အခမ်းအနား အောင်မြင်စွာ အဆုံးသတ်ခဲ့ကြပါတယ်။

ဓါတ်ပုံသတင်း - ကိုကျော်သူ မရွှေဇီးကွက် နာရေး ကူညီမှုအသင်း (ရန်ကုန်) ပြည်သူ့ဂုဏ်ရည် လော့စ် အိန်ဂျလိစ် - May 8 2012 12:29 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005