၂၀၁၂ သောက်/သုံးရေ အလှူ

၂၀၁၀ ခုနှစ် နောက်ပိုင်းမှစ၍ နွေရာသီ၌ ထူးခြားလာသည်မှာ ရေရှားပါးခြင်း ဖြစ်တော့သည်။ အထူးသဖြင့် သောက်ရေရှားပါးခြင်း ဖြစ်သည်။ သောက်ရေ မရှိတော့မှ လူ့ခန္ဓာကိုယ်ကြီး ဒုက္ခရောက်တော့မည် ဖြစ်သည်။ လူ့ခန္ဓာကိုယ်ကြီးထဲတွင် ရေဓါတ် ၇ဝ ရာခိုင်နှုန်းမျှ ပါဝင်သည်။ လူ့ခန္ဓာကိုယ်ကြီးအား ရေနှင့် တည်ဆောက်ထားသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အသက်ရှင်သန်ခြင်းသည် ရေကြောင့် ဖြစ်သည်။

သောက်သုံးရေကန်များ ခန်းခြောက်ပြီး သောက်သုံးရေ ပြတ်လပ်မှုကို ရင်ဆိုင်နေကြရသည့် ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းတွင် သောက်သုံးရေများ လုံလောက်စွာ ရရှိရန်အတွက် ၄၊ ၅၊ ၂၀၁၂ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်၊ အလုပ်အမှုဆောင် ဦးတင်မောင်အေးတို့ ဦးဆောင်၍ အသင်းသားများတို့သည် ရွှေပြည်သာမြို့နယ်ရှိ Tun Linn Group Construction Co.,Ltd. မြေသယ်ယာဉ်၊ ယန္တရားများနှင့် Tran sporter ငှါးရမ်းခြင်းလုပ်ငန်းမှ ရေဂါလံ (၂,၄၀၀) ဆန့်မော်တော်ယာဉ်တစ်စီး (အခမဲ့) ကူညီပံ့ပိုးပေးမှုနှင့်အတူ တွံတေးတံတားအဆင်းရှိ (ရန်ကုန်ပေါက်) ရှိ လူနေအိမ်မှ အဝီစိရေတွင်းမှ ရေလှူဒါန်းသည့်အတွက် ရေဂါလံ (၂,၄၀၀) ဆန့်မော်တော်ယာဉ်ပေါ်သို့ ရေဖြည့်ကာ ကျန်စစ်သားရပ်ကွက်ရှိ ရေဒုက္ခသည်များထံသို့ နှစ်ခေါက်တိုင်တိုင် သယ်ယူပို့ဆောင်ခဲ့ရာ သောက်သုံးရေ (၄,၈၀၀) ဂါလံအား အိမ်ထောင်စု (၁,၂၀၀) ကျော်ခန့်အတွက် လှူဒါန်းခဲ့ကြသည်။ ကျန်စစ်သားရပ်ကွက်ရှိ သောက်သုံးရေလှောင်ကန် ဂါလံ (၄,၈၀၀) ဆန့်အုတ်ကန်တွင်းသို့ ဖြည့်တင်းပေးပြီး ရပ်ကွက်တွင်းရှိ ရေဒုက္ခသည် အိမ်ထောင်စုများ (တအိမ်မကျန်) သောက်ရေ ရရှိနိုင်ရန် တိုကင်စနစ်ဖြင့် ဒေသခံတို့မှ စီစဉ်ဆောင်ရွက်ကာ သောက်ရေများ ဝေငှလှူဒါန်း ခဲ့ကြပြီး ယင်းနေ့ ည (၈း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

၅၊ ၅၊ ၂၀၁၂ ရက်နေ့ (ကဆုန်လပြည့်) နေ့ နံနက် (၅း၃၀) နာရီအချိန်တွင် ဆက်လက်၍ ဒလမြို့နယ်တွင်းရှိ သောက်သုံးရေ လိုအပ်နေသည့် ကမာကသွယ်၊ တပင်ရွှေထီး၊ ကျောင်းစု အစရှိသည့်ကျေးရွာများ သို့လည်း ရေဂါလံ (၇,၂၀၀)တို့အား သွားရောက်၍ ဝေငှလှူဒါန်းခဲ့ကြပြီး ည (၈း၀၀) နာရီအချိန်မှ နာရေး ကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။

ယင်းကဲ့သို့ သောက်သုံးရေများ အရေးပေါ်ဝေငှရာ၌ ဒေသခံ လူမှုရေးသမားများတို့မှ ဝိုင်းဝန်း၍ ပံ့ပိုး ကူညီခဲ့ကြသည်။ ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ဇွဲတွန်ကျေးရွာရှိ အိမ်ခြေ (၁၁၈)၊ လူဦးရေ (၅၅၂) ဦးခန့် နေထိုင်လျက်ရှိပြီး သောက်သုံးရေကန်များ ခမ်းခြောက်နေသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဒေသခံ လူမှုရေး သမားများနှင့် လက်တွဲကာ “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ကဗျည်း ရေးထိုး၍ ဇွဲတွန် ဘုန်းတော်ကြီးကျောင်းအတွင်း၌ အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းအား အကောင်အထည်ဖော် လှူဒါန်းပေးခဲ့သည်။ ထို့အပြင် ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်ရှိ ကြာနီကန်ကျေးရွာ၊ ပဲခူးတိုင်၊ ကဝမြို့နယ်၊ ကမာပုန်းကျေးရွာနှင့် အောင်သာကျေးရွာတို့တွင်လည်း အဝီစိစက်ရေတွင်းများအား အများပြည်သူအတွက် အများပြည်သူကောင်းမှုအဖြစ် ဆက်လက်၍ တူးဖော် လှူဒါန်းပေးလျှက် ရှိပေသည်။ အများပြည်သူအတွက် အများပြည်သူ ကောင်းမှုတော်အတွက် သာဓု ခေါ်ဆိုနိုင်ပါစေသတည်း။

ဓါတ်ပုံသတင်း - နာရေးကူညီမှု အသင်း (ရန်ကုန်) သောက်သုံးရေး အလှူ - May 8 2012 05:36 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005