ဇရပ်ကွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များအား ဦးဝီရသူက သြဝါဒ မိန့်ကြား

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ (မစိုးရိမ်)) ဟာ ၂၀၁၂၊ မေလ ၂ ရက်နေ့တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ သီးကုန်းရွာ အလှူအကြိုတရားပွဲကို အသွား လမ်းခရီးတွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ခေတ္တ ကြွရောက်ခဲ့ကြောင်း၊ ထိုသို့ ကြွရောက်စဉ် ဇရပ်ကွင်းကျေးရွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်က သြဝါဒကထာ ချီးမြှောက်ဖို့ တောင်းပန် လျှောက်ထားတဲ့အတွက် သြဝါဒမိန့်ကြားခဲ့ကြောင်း သိရပါတယ်။

ထိုသို့ ဟောကြားစဉ် ဆရာတော်က “နိုင်ငံရေး သမားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်၊ သိက္ခာ၊ အရည်အချင်း၊ ယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချက်တို့ ပြည့်စုံမှ နိုင်ငံရေးသမားကောင်း တယောက်ဖြစ်မှာ ဖြစ်ကြောင်း၊ နိုင်ငံရေးသမားကောင်း တယောက်ဖြစ်မှ နိုင်ငံကို အလုပ်အကျွေးပြုတဲ့ နိုင်ငံရေးသမားတွေ ပေါ်ပေါက်လာပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ကြောင်း၊ ပြည်သူအများစုမှာ နိုင်ငံးရေးအသိအမြင် မကြွယ်ဝသေးကြောင်း၊ ဒါကြောင့် နိုင်ငံရေးပညာနဲ့ ကိုယ်ကျင့်သိက္ခာ ကွဲပြားအောင် မကြည့်နိုင်သေးကြောင်း၊ ဦးနု အောင်မြင်ခဲ့ခြင်းဟာ ကိုယ်ကျင့်သိက္ခာကြောင့် ဖြစ်ကြောင်း၊ ဒါကြောင့် နိုင်ငံရေးသမားတိုင်း ကိုယ်ကျင့်သိက္ခာနဲ့ ပြည့်စုံရမှာ ဖြစ်ကြောင်း၊ လူငယ်အများစုအနေနဲ့ နိုင်ငံရေးတက်ကြွ အားသန်ကြသော်လည်း အရည်အချင်း မရှိလျှင် ကျရှုံးနိုင်ပြီး၊ ကြောက်အားကြီးလျှင်လည်း အလုပ်မဖြစ်တော့ကြောင်း၊ အရည်အချင်းလည်းရှိ သတ္တိလည်းရှိသည့် လူငယ်များ ပေါ်ထွန်းလာရေးအတွက် စနစ်တကျ ပြုစု ပျိုးထောင်ဖို့ လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် မရှိလျှင် ဆိုတဲ့အတွေးနဲ့ နိုင်ငံရေးအမွေ ဆက်ဆံမယ့် မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးဖို့ လိုကြောင်း၊ ပြည်သူချစ်သော ပါတီ သရဖူဆောင်းနေချိန်မှာ ပြည်သူ ချဉ်သောပါတီအဖြစ်သို့ မရောက်ရှိစေလိုကြောင်း“ အစရှိသဖြင့် မိန့်ကြားခဲ့ကြောင်း သိရှိရပါတယ်။

အရှင် ၀ီရသူ (မစိုးရိမ်) ဟာ သီးကုန်းရွာ၊ အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပသော အလှူဒါယကာ ဦးနိုင်အောင်ဝင်း၊ အလှူဒါယကာမ ဒေါ်မော်လီ သမီး မဇူဇူလွင်၊ သား မောင်နေမျိုးကျော်ဇင်၊ မောင်မျိုးမင်းထွဋ် မိသားစုတို့၏ ရဟန်းခံ ရှင်ပြု နားသ အလှူတော်မင်္ဂလာ အကြိုတရားပွဲကို ကြွရောက်ပြီး “လူချင်းတူသော်လည်း အသက်ရှူခြင်းတော့ ကွဲလွဲတယ်” တရားတော် ဟောကြားဖို့အသွား လမ်းခရီးတွင် ဇရပ်တွင်းကျေးရွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ၀င်ရောက်ကာ အထက် စာပိုဒ်တွင် ဖော်ပြထားတဲ့အတိုင်း မိန့်ကြားခဲ့ခြင်း ဖြစ်ပါတယ်။

ဓါတ်ပုံသတင်း - အရှင် ၀ီရသူ (မစိုးရိမ်) မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - May 3 2012 08:01 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005