ကလေးသူငယ်များရဲ့အမြင်များကို ပြန်လည် ကြားသိရတဲ့ ယဉ်ကျေးလိမ္မာ ရင်သွေးရတနာ သင်တန်း

မန္တလေးမြို့၊ ပေါင်းလဲတိုက်၊ ပေါင်းလဲဓမ္မာရုံ၌ ကျင်းပသော “ယဉ်ကျေးလိမ္မာ ရင်သွေးရတနာ“ သင်တန်း၌ တတိယအကြိမ်မြောက် ကလေးတရားပွဲအဖြစ် ၂၀၁၂ မေ ၃ ရက်နေ့က မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက၊ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ - မစိုးရိမ်) ဟောကြားခဲ့ရာ သင်တန်း တက်ရောက်နေတဲ့ ကလေးသူငယ်များကလည်း သူတို့ရဲ့အမြင်များကို အားတက်သရော ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

တရားပွဲတွင် ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) က ဘေရိဝါဒကဇာတ်နှင့် မိဂါလောပုဇာတ်တော်တို့ကို ပုံပြောသလို ဟောကြားခဲ့ကာ ကျောင်းသားကျောင်းသူလေးများရဲ့ အမြင်ကို အပြန်အလှန် မေးမြန်းပြီး ဖြေကြားပေးရာ ကလေးများ အထူး စိတ်ဝင်စားကြပြီး သူတို့ရဲ့အမြင်များကို အလုအယက် အပြိုင်အဆိုင် ပြောဆို လျှောက်ထားကြတာကို တွေ့ရကြောင်း၊ မိဘစကား နားမထောင်၍ ပျက်စီးမည့်သူများတွင် အသောက်အစား ကျူးသူ၊ အပျော်အပါးကျူးသူ၊ လောင်းကစားကျူးသူ၊ ကိုရီးယား ဇာတ်လမ်းတွဲ အလွန်အကျွံကြည့်သူတို့ ပါဝင်ကြောင်းစသည်ဖြင့် သူတို့၏ အမြင်များကို ကလေးများက အလုအယက် ပြောကြားလာကြခြင်း ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ သင်တန်းသူ၊ သင်တန်းသားလေးများဟာ ၂၀၁၂၊ မေလ ၃ ရက်နေ့တွင် ရေတံခွန်တောင် သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ ဆရာတော်ဘဒ္ဒန္တခေမာစာရက ကြီးမှူး ကျင်းပတဲ့ စာမေးပွဲဖြေဆိုခဲ့ကြရပြီး သင်တန်းအောင်မြင်သူများအား ထူးချွန်ဆု၊ စာအောင်ဆုနဲ့ နှစ်သိမ့်ဆုများ အသီးသီး ချီးမြှင့်ရန် စီစဉ်ထားကြောင်း၊ ၂၀၁၂၊ မေလ ၅ ရက်နေ့ (ကဆုန်လပြည့်) နေ့တွင် သင်တန်းဆင်းပွဲနဲ့ ဆုပေးပွဲကျင်းပမှာဖြစ်ကာ ဆရာတော် အရှင်ဝီရသူ ကြွရောက်ချီးမြှောက်မည် ဖြစ်ကြောင်း သိရှိရပါတယ်။

ဓါတ်ပုံသတင်း - အရှင် ၀ီရသူ (မစိုးရိမ်) ယဉ်ကျေးလိမ္မာ ရင်သွေးရတနာ သင်တန်း မန္တလေးမြို့၊ ပေါင်းလဲတိုက်၊ ပေါင်းလဲဓမ္မာရုံ - May 3 2012 08:01 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005