နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်

လော့စ် အိန်ဂျလိစ်မြို့ကို ရောက်ရှိစဉ် ကြိုဆို နှုတ်ဆက်သူများနဲ့ အမှတ်တရ

ပြည်သူ့ဂုဏ်ရည်အဖွဲ့ရဲ့ ဖိတ်ကြားချက်အရ နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ဟာ ၂၀၁၂ မေ ၁ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျလိစ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။

ဦးကျော်သူဟာ ၂၀၁၀ ခုနှစ် ဧပြီလတွင် ချီးမြှင့်တဲ့ ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူ ဖြစ်ပါတယ်။ ဦးကျော်သူဟာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်စဉ်အတွင်း လော့စ် အိန်ဂျလိစ်၊ ဆန်ဖရန် စစ္စကို၊ နယူးယောက် အပါအ၀င် မြို့အတော်များများသို့ လှည့်လည် ခရီးထွက်မှာ ဖြစ်ကာ မေ ၂၇ ရက်နေ့ နယူးယောက်တွင် ကျင်းပတဲ့ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆု ပထမဆုံး ရရှိတဲ့ ဦးကျော်သူအား အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ် ဖိတ်ခေါ်ခြင်းနဲ့ ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အဖွဲ့ အတွင်းရေးမှူး ဦးကျော်ဝဏ္ဏအား ၂၀၁၂ မေလ ၂ ရက်နေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းတွင် ဆက်သွယ် မေးမြန်းခဲ့ရာ “ဟုတ်ကဲ့အစ်ကို။ ကိုကျော်သူ ရောက်လာတယ်ဆိုတာ အခြေအနေတွေနဲ့လည်း အများကြီးဆိုင်တာပေါ့ နော်။ ကျွန်တော်တို့ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ဖို့ ၂၀၀၉ ခုနှစ်မှာ စပြီး စီစဉ်တယ်။ ၂၀၁၀ ဧပြီလမှာ ပထမအကြိမ် ဆုပေးပွဲ ကျင်းပပြီး ကိုကျော်သူကို ဆုချီးမြှင့်ဖြစ်တယ် ပေါ့နော်။ အဲဒီအချိန်က အခြေအနေတွေနဲ့ ယှဉ်ကြည့်ရင် အခု လက်ရှိအခြေအနေက အတော်လေးကို အပြောင်းအလဲ ရှိပါတယ်။ အဲဒီအချိန်က ကိုကျော်သူတို့ကို လှူဖို့ကိုတောင်မှ မလှူရဲကြဘူး လေ။ ကိုကျော်သူတို့ နိုင်ငံကူးလက်မှတ်တွေလည်း မရဘူး။ ပြည်ပထွက်ဖို့ဆိုတာ ဝေးရောပေါ့ နော်။ အဲဒီအချိန်က ဆုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရယူဖို့ကိုလည်း မဖိတ်နိုင်ဘူး ပေါ့ လေ။ အခုအချိန်ကျတော့ အခြေအနေတွေကို ကြည့်ပြီး ကိုကျော်သူတို့ကို ဖိတ်လို့ရပြီလို့ ယူဆတာနဲ့ ကျွန်တော်တို့ ကိုကျော်သူ့ကို ဆုပေးပွဲကို တက်ဖို့ ဖိတ်ဖြစ်ပါတယ်။ အခုလို ဖြစ်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အများကြီး ၀မ်းသာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည် အဖွဲ့ခွဲ ရှိတဲ့မြို့တွေတင် မကပါဘူး၊ အခြားမြို့တွေကရောပါ ကိုကျော်သူ ရောက်လာတာကို ၀မ်းသာကြတယ်၊ ဂုဏ်ယူကြတယ်။ သူတို့ကို ကိုယ့်တိုင်းပြည်အတွက် လုပ်ကိုင်နေတဲ့ လူတွေ ဖြစ်တဲ့အတွက် လေးစားကြတယ်၊ လှိုက်လှိုက်လှဲလှဲလည်း ကြိုဆိုကြပါတယ်“ လို့ ပြောပြပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းများအရ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ဟာ အောက်ပါအစီအစဉ်အတိုင်း အမေရိကန်ပြည်ထောင်စုက မြို့များကို ခရီးလှည့်လည်ပြီးနောက် မေ ၂၇ ရက်နေ့တွင် နယူးယောက်၌ ကျင်းပတဲ့ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲကို တက်ရောက် အားပေးမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

လော့စ်အိန်ဂျလိစ်၊ ကယ်လီဖိုးနီးယားပြည်နယ်

မေလ ၅ ရက်၊ ညနေ ၄ နာရီ မှ ၉ နာရီ
Mark Keppel High School
501 E. Hellman Ave
Alhambra, CA 91801

ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယားပြည်နယ်

မေလ ၆ ရက်၊ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီ
Newark Pavilion
6430, Thornton Ave.
Newark, CA 94560

ဆီယက်တယ်လ်၊ ၀ါရှင်တန်ပြည်နယ်

မေလ ၁၂ ရက်၊ ညနေ ၃ နာရီမှ ၈ နာရီ
North Seattle Community College
College Center Cafeteria
9600 College Way North
Seattle, WA 98103

ဖီးနစ်မြို့ အရီဇိုးနားပြည်နယ်

မေလ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ
Ethington Memorial Theatre/Amphitheatre
Grand Canyon University
3300 West Camelback Road
Phoenix, AZ 85017

ဝါရှင်တန် ဒီစီဒေသ၊ မေရီလန်းပြည်နယ်

မေလ ၁၈ ရက်၊ ညနေ ၆ နာရီမှ ၉ နာရီ
One Veterans Place
Silver Spring, MD 20910
Silver Spring downtown, in front of IMAX Theater

နယူးယောက်မြို့

မေလ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီ မှ ညနေ ၅ နာရီထိ
P.S. 12 James B. Colgate
42-00 72 Street
Woodside, NY 11377

အယ်ဘာနီဒေသ၊ နယူးယောက်ပြည်နယ်

မေလ ၂၆ ရက်၊ နံနက် ၁၁ နာရီ မှ ညနေ ၄ နာရီထိ
Rensselaer Open Bible Baptist Church
1615 3rd Street
Rensselaer, NY 12144

ကိုးကား

http://citizenofburma.org/
သတင်း - ဦးကျော်သူ ဒေါ်ရွှေဇီးကွက် ပြည်သူ့ဂုဏ်ရည် - May 2 2012 11:03 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005