ဖင်လန်နိုင်ငံရောက် မြန်မာနိုင်ငံ တိုင်ရင်သားများ လူမှုရေးအဖွဲ့ရဲ့ ယဉ်ကျေးမှု ပဒေသာကပွဲ

ဖင်လန်နိုင်ငံရောက် မြန်မာနိုင်ငံ တိုင်ရင်သားများ လူမှုရေးအဖွဲ့ရဲ့ ယဉ်ကျေးမှု ပဒေသာကပွဲကို ၂၀၁၂၊ ဧပြီ ၂၈ ရက်နေ့၊ နေ့လည်ပိုင်းက ဖင်လန်နိုင်ငံ ဗန်တာ (Vantta) မြို့တွင် ကျင်းပခဲ့ပါတယ်။ ထို ယဉ်ကျေးမှု ပဒေသာကပွဲကို ဖင်လန်နိုင်ငံရောက် မြန်မာနိုင်ငံသားတိုင်းရင်သားများ၊ ဖင်လန်လူမျိုးများ စုစုပေါင်း ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ပဒေသာကပွဲတွင် မြန်မာတိုင်းရင်းသားပေါင်းစုံရဲ့ ယဉ်ကျေးမှု ရိုးရာအကများ၊ မြန်မာစာသင်ကျောင်းတွင် ပညာသင်ကြားနေကြတဲ့ မြန်မာတိုင်းရင်းသား ခလေးသူငယ်များရဲ့ မြန်မာသင်ပုန်းကြီး ရွတ်ဆိုခြင်း၊ အထူးအစီအစဉ်အနေဖြင့် ယနေ့မြန်မာ (Burma Today) အယ်ဒီတာ ရဲရင့်သက်ဇွဲ၊ ဖင်လန်နိုင်ငံသို့ ရောက်ရှိ အခြေချနေထိုင်သူ နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများရဲ့ ခံစားချက်ကို ဖော်ကျူးသော ကဗျာရှည်အား ရွတ်ဆိုခြင်း၊ သင်္ကြန်ယိမ်းအကများ၊ မြန်မာအနုသဘင် နှစ်ပါးခွင်အက၊ ထားဝယ်ယိမ်းအကများနဲ့ ဖျော်ဖြေခဲ့ပြီး ညနေ ၄ နာရီတွင် မန်းတောင်ရိပ်ခို သီချင်းအား စုပါင်း သီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။
မြန်မာနိုင်ငံ တိုင်ရင်သားများ လူမှုရေးအဖွဲ့ကို အတိုကောက်အားဖြင့် MEBSF လို့ ခေါ်တွင်ပြီး ၂၀၀၆ ခုနှစ် နွေဦးတွင် စတင် ဖွဲ့စည်းခဲ့ပါတယ်။ ထို လူမှုရေးအဖွဲ့ကို ၂၀၀၇ မေလတွင် ဖင်လန်အစိုးရက အသိအမှတ်ပြုခဲ့ပါတယ်။ MEBSF အဖွဲ့တွင် အဖွဲ့ဝင်ပေါင်း ၂၀၀ ခန့် ပါဝင်ကာ ဖင်လန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများရဲ့ လူမှုရေးကိစ္စများအတွက် ဆောင်ရွက်ခြင်း၊ မြန်မာတိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီခြင်း စတဲ့ လုပ်ငန်းများကို ဆောင်ရွက်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။













ဓါတ်ပုံသတင်း - ဖင်လန် မြန်မာနိုင်ငံ တိုင်ရင်သားများ လူမှုရေးအဖွဲ့ ယဉ်ကျေးမှု ပဒေသာကပွဲ - May 1 2012 05:15 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012