မြန်မာလွှတ်တော်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မိန့်ခွန်း ပြောကြား
http://www.bbc.co.uk/news/world-asia-17890618

http://www.bbc.co.uk/news/world-asia-17890618

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ ၂၀၁၂ ဧပြီ ၃၀ ရက်နေ့က မြန်မာလွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့ရာ အနောက်နိုင်ငံများအနေနဲ့ စီးပွားရေး ပိတ်ဆို့မှု လျော့ချရန် တောင်းဆိုလိုက်ပါတယ်။

ထို့အပြင် “မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုတွေ ရှိနိုင်ပါတယ်။ သို့သော်လည်း ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ တူညီတဲ့ ခေါင်းဆောင်မှုနဲ့ မျှဝေလုပ်ကိုင်ဆောင်ရွက်မှုတွေကနေ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်သွားနိုင်ပါတယ်။ သွားရမယ့်လမ်းကြောင်းက ထိခိုက် ပျက်စီးလွယ်တယ်၊ မသေချာမှုတွေ ရှိနေတယ်၊ ဒါပေမယ့် နောက်ကြောင်းပြန်လှည့်ဖို့ လမ်းကတော့ နည်းပါတယ်။ နိုင်ငံရေးယုံကြည်မှုနဲ့ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချပြီး ဆောင်ရွက်မယ်ဆိုရင် ရေရှည် ပြောင်းလဲမှု ဖြစ်နိုင်ပါတယ်“ လို့လည်း သူ့ရဲ့မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာလွှတ်တော်မှာ ပထမဆုံး မိန့်ခွန်း ပြောကြားတဲ့ နိုင်ငံတကာအကြီးအကဲတဦးဖြစ်ပါတယ်။ ထိုသို့မိန့်ခွန်းပြောကြားခြင်းဟာ မြန်မာလွှတ်တော်နဲ့ မြန်မာနိုင်ငံအဖို့ ဂုဏ်ယူစရာကိစ္စ တခု ဖြစ်သော်လည်း စိတ်မကောင်းစရာက မြန်မာလွှတ်တော်အမတ်တွေအနေနဲ့ ထိုသို့ နိုင်ငံတကာအဆင့် ပုဂ္ဂိုလ်တဦး လွှတ်တော်ထဲ ၀င်ရောက်လာတာကို မတ်တပ်ရပ်ပြီး နှုတ်ဆက် ဂါရ၀ပြုတဲ့ နိုင်ငံတကာ ယဉ်ကျေးမှု အလေ့အထကို နားမလည်ကြတာပဲ ဖြစ်ပါတယ်။ (တနည်းအားဖြင့် ပြောရရင် မြန်မာစစ်ဗိုလ်တွေဟာ အာဏာလက်ထဲမှာ ရှိနေတဲ့ သူတို့ အထက်အရာရှိကလွဲလို့ ကျန်တဲ့ ပုဂ္ဂိုလ်တွေကို လေးစားရကောင်း သိဟန်မတူပါဘူး။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ လယ်ယာဝန်ကြီး ဦးမြင့်လှိုင်တို့ ပြောဆိုတဲ့စကားများဟာ အဆိုပါအချက်ကို သက်သေပြနေပါတယ်။)

မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက်မုဒ်တွင် တည်ရှိတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ အုတ်ဂူကို သွားရောက်ပြီး ဂါရ၀ပြုခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဦးသန့် တာဝန်ထမ်းဆောင်စဉ်က ဦးသန့်ဟာ အာရှတိုက်သားများရဲ့ စံပြုပုဂ္ဂိုလ်တဦး ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် နောက်တကြိမ် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် အာရှတိုက်သားကို ရွေးချယ်နိုင်ခြေရှိတဲ့အချိန်ကို မရောက်မီကတည်းက အထူးသဖြင့် မလေးရှားနဲ့ တောင်ကိုရီးယားနိုင်ငံများက သူတို့ရဲ့နိုင်ငံသားများကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူး ရရှိနိုင်အောင် ကြိုးစားခဲ့ကြပါတယ်။ မလေးရှားနိုင်ငံက မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စတာရာဇာလီ အစ္စမေးလ်ကတော့ သူ့ရဲ့ မအောင်မြင်တဲ့ မြန်မာပြည် စေ့စပ်ရေးလုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံလိုက်ရခြင်းနဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟာ သူ့ရဲ့ သုံးရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်၊ လွှတ်တော်အကြီးအကဲများနဲ့ တွေ့ဆုံသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာများ မြန်မာနိုင်ငံအတွင်း ပိုမို လုပ်ကိုင်လာနိုင်ဖို့ကိုလည်း ဆောင်ရွက်သွားဖွယ် ရှိပါတယ်။
http://www.un.org/apps/news/story.asp?NewsID=41888&Cr=Myanmar&Cr1=

http://www.un.org/apps/news/story.asp?NewsID=41888&Cr=Myanmar&Cr1=

သတင်း - ဘန်ကီမွန်း လွှတ်တော် - Apr 30 2012 03:18 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005