နိုင်ငံရေးအကျဉ်းသားမိသားစုများကို နိုင်ငံရေးအကျဉ်းသားဟောင်းများက တွေ့ဆုံအားပေး

နိုင်ငံရေးအကျဉ်းသား စောဖိုးချိုရဲ့ ဇနီးနဲ့ သမီးငယ်နှစ်ဦး

၂၀၁၂ ဇန်န၀ါရီလအတွင်းက လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်းများဟာ အကျဉ်းထောင်တွင်း ဆက်လက် အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုများကို သွားရောက် တွေ့ဆုံ နှုတ်ဆက် အားပေးစကား ပြောကြားမှုများ ပြုလုပ်လျက် ရှိပါတယ်။ ထို အစီအစဉ်အရ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုများအား တွေ့ဆုံ အားပေးစကားပြောလျက်ရှိရာ ၂၀၁၂ ဧပြီ ၂၉ ရက် (တနင်္ဂနွေနေ့) က နိုင်ငံရေးအကျဉ်းသား စောစိုးမင်းထွန်း (ခ) စောဖိုးချိုနဲ့ ကိုအောင်အောင်ဦးတို့ရဲ့ နေအိမ်များကို သွားရောက်ကာ မိသားစုများအား အားပေးစကား ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများဟာ ဧပြီ ၂၉ ရက်နေ့ မနက် ၁၀ နာရီတွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ နို့ရေလမ်း၊ အမှတ် ၁၄ ရှိ စောဖိုးချိုရဲ့ နေအိမ်ကို ရောက်ရှိခဲ့ပြီး စောဖိုးချိုရဲ့ ဇနီးနဲ့ သမီးငယ်နှစ်ဦးအား နှစ်သိမ့်အားပေးစကား ပြောကြားက စောဖိုးချိုအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါတယ်။ စောဖိုးချိုဟာ ပုဒ်မ ၁၇ (၁)၊ ၁၃ (၁) တို့နဲ့ သရက်ထောင်တွင် အကျဉ်းကျနေသူ ဖြစ်ပါတယ်။

ထိုမှတဆင့် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် ၃ ရပ်ကွက် ၁၀ လမ်း၊ အိမ်အမှတ် ၃၇/၆ ရှိ နိုင်ငံရေးအကျဉ်းသား ကိုအောင်အောင်ဦးနေအိမ်ကို သွားရောက်ကာ ကိုအောင်အောင်ဦးရဲ့ မိခင် ဒေါ်မြမြစန်းအား တွေ့ဆုံ အားပေးစကား ပြောကြားကာ ကိုအောင်အောင်ဦးအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါတယ်။ ကိုအောင်အောင်ဦးဟာ ပုဒ်မ ၅ (ည)၊ ပုဒ်မ ၁၇၊ ပုဒ်မ ၂၀ တို့နဲ့ ကသာထောင်တွင် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ဖြစ်ပါတယ်။

ထိုသို့ သွားရောက် တွေ့ဆုံစဉ် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က ကိုအောင်အောင်ဦးရဲ့မိခင်အား နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုစကားများ ပြောချင်ပါသလဲ လို့ မေးမြန်းရာ သားသမီးချင်း ကိုယ်ချင်းစာသောအားဖြင့်၎င်း၊ လူသားချင်းစာနာသောအားဖြင့်၎င်း၊ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသာများကို လွှတ်ပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်အား ဘာများ အမှာစကားပါးချင်ပါသလဲလို့ မေးမြန်းရာ “အန်တီစုကတော့ သူ့သားသမီးတွေအားလုံး အပြင်ကို ရအောင် ပြန်ထုတ်မှာပဲ လို့ ယုံကြည်ကြောင်း“ ပြောကြားခဲ့ပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုများအား လိုက်လံ တွေ့ဆုံ အားပေးခြင်း လုပ်ငန်းကို နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာတဲ့အထိ ပြုလုပ်မှာ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုထွန်းကြည်က ပြောပြပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပြုစုထားတဲ့ စာရင်းတွင် နိုင်ငံရေးအကျဉ်းသား ၃၃၄ ဦး အကျဉ်းကျလျက် ရှိနေကြောင်း သိရပါတယ်။ အချို့စာရင်းများတွင် မလွတ်ဘဲ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေဟာ ထို့ထက် ပိုမို များပြားပြီး အတည်မပြုနိုင်သေးသူများလည်း ပါဝင်ကြောင်း သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား စောစိုးမင်းထွန်း (ခ) စောဖိုးချို

နိုင်ငံရေးအကျဉ်းသား ကိုအောင်အောင်ဦး

နိုင်ငံရေးအကျဉ်းသား ကိုအောင်အောင်ဦးရဲ့ မိခင် ဒေါ်မြမြစန်း

သတင်း - နိုင်ငံရေးအကျဉ်းသား - Apr 30 2012 01:02 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005