၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်နေ
http://www.mofat.go.kr/ENG/ministry/minister/profile/index.jsp?menu=m_50_10_10

http://www.mofat.go.kr/ENG/ministry/minister/profile/index.jsp?menu=m_50_10_10

တောင်ကိုရီးယားနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် နိုင်ငံခြားဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ကင်းမ်ဆောန်ဟွာန်က လာမယ့် မေလ ၁ ရက်နဲ့ ၂ ရက်နေ့မှာ မြန်မာနိုင်ငံ ကြပ်ပြေးနေပြည်တော်သို့ သွားရောက်ပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ မြန်မာ သမ္မတ ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံဖို့  စီစဉ်ထားပါတယ်။ သို့သော်လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဘို့ကိုတော့ စီစဉ်ထားခြင်း မရှိပါဘူး။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကင်းမ်ဟာ ၂၇ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး သွားရောက် လည်ပတ်တဲ့ နိုင်ငံခြားရေး ၀န်ကြီးတဦး ဖြစ်ပါတယ်။ တောင်ကိုရီးယား အစိုးရအဖွဲ့တာဝန်ရှိသူ အများအပြား မြန်မာနိုင်ငံကို နောက်ဆုံး လာရောက် အလည်အပတ် ရောက်ခဲ့စဉ်ကာလဟာ ၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ ဖြစ်ပါတယ်။ ထိုစဉ်က တောင်ကိုရီးယား သမ္မတ ချာန်ဒူဝါန် (ဂျောန်ဒူဝါန်) အစိုးရအဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ် မြောက်ကိုရီးယားသူလျှိုများက ရန်ကုန်မြို့ အာဇာနည် ဗိမာန်အထိ လာရောက် ဗုံးဖောက်ခွဲခဲ့သဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ယိဘောမ်ဆောဂ် အပါအ၀င် အစိုးရအဖွဲ့ဝင်များနဲ့ ထိပ်တန်းအရာရှိများ စုစုပေါင်း ၁၇ ဦးတို့ သေဆုံးခဲ့ကြရပါတယ်။

၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံ ရန်ကုန်မြို့ အာဇာနည် ဗိမာန်မှာ ကိုရီးယား အစိုးရအဖွဲ့ လုပ်ကြံ သတ်ဖြတ်ခံရပြီး မျက်မှောက်ခေတ်တွင် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ထားသော်လည်း တောင်ကိုရီးယားနဲ့ မြန်မာ အစိုးရအဆက်ဆက်ရဲ့ ဆက်ဆံရေးကတော့ အဆင်ပြေ ချောမွေ့လျက် ရှိပါတယ်။ အခု သွားရောက်မယ့် မစ္စတာ ကင်းမ်ရဲ့ ခရီးစဉ်ဟာ ၁၉၈၅ ခုနှစ် နောက်ပိုင်း တောင်ကိုရီးယား ကူးသန်းရောင်းဝယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးတဦးအနေနဲ့ ပထမဦးဆုံး သွားရောက်ခြင်းဖြစ်သလို နှစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဦးတည်ပြီး နည်းပေါင်းစုံနဲ့ ဆက်ဆံ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ၀န်ကြီးက ကိုရီးယား ယောန်နာဘ် သတင်းဌာနကို ပြောပါတယ်။ မစ္စတာ ကင်းမ်ဟာ မြန်မာနိုင်ငံသို့ မသွားရောက်ခင် ထိုင်းနိုင်ငံသို့ ၀င်ရောက်ပြီး ထိုင်းနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးဘို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။

တောင်ကိုရီယားနိုင်ငံဟာ ၁၉၈၈ လွန် မြန်မာစစ်အာဏာရှင်များနဲ့ နီးကပ်တဲ့ ဆက်ဆံမှုများ ပြုလုပ်ခဲ့ပြီး တောင်ကိုရီးယား ဒေ၀ူးကုမ္ပဏီဟာ တရုပ်နိုင်ငံကို သွယ်တန်းရောင်းချတဲ့ ရခိုင်ကမ်းလွန်ပင်လယ်ပြင်က ရွှေသဘာဝဓါတ်ငွေ့ တူးဖော်မှုလုပ်ငန်းကို အဓိက လုပ်ကိုင်သူ ဖြစ်ပါတယ်။ မြန်မာစစ်အာဏာရှင်များဟာ မြန်မာလူငယ်များနဲ့ ပြည်သူများကို တောင်ကိုရီးယားရုပ်သံလွှင့် အစီအစဉ်များနဲ့ မှိုင်းတိုက်ထားခဲ့တဲ့နောက် မြန်မာမျိုးဆက်သစ်များဟာ တောင်ကိုရီးယားယဉ်ကျေးမှုရဲ့ သားကောင်များ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြပါတယ်။

(ဇော်မိုးအောင်က ကိုရီးယား ယောန်နာဘ် သတင်းကို သာသာပြန် ဖော်ပြထားပြီး မြင့်လှိုင်က ဖြည့်စွက် ရေးသားထားပါတယ်။)
သတင်း - တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး - Apr 30 2012 12:14 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005