ပေါင်းလဲတိုက် ယဉ်ကျေးလိမ္မာသင်တန်းတွင် အရှင်ဝီရသူ တရားဟော

မန္တလေးမြို့၊ ပေါင်းလဲတိုက် ဓမ္မာရုံတွင် ကျင်းပတဲ့ ပထမအကြိမ် ယဉ်ကျေးလိမ္မာသင်တန်း၌ တက်ရောက်နေသော ကျောင်းသူ ကျောင်းသား ကလေးငယ် ငါးရာခန့်အား ဆရာတော် အရှင်ဝီရသူက ၂၀၁၂၊ ဧပြီ ၂၉ ရက်နေ့ မွန်းလွဲ ၁နာရီအချိန်တွင် ကလေးတရားတော် ဟောကြားခဲ့ကြောင်း သိရှိရပါတယ်။

သင်တန်းသား ကျောင်းသူ/ကျောင်းသား ကလေးငယ်များ လေးရာကျော် ငါးရာခန့်ဟာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၃လမ်း (၃၈ လမ်းနဲ့ လမ်း ၄၀ ကြား) ပေါင်းလဲတိုက် ဓမ္မာရုံ၌ ဖွင့်လှစ်ထားတဲ့ ပထမအကြိမ် ယဉ်ကျေးလိမ္မာ (၁၅) ရက် သင်တန်းကို တက်ရောက်နေကြခြင်း ဖြစ်ပါတယ်။ သင်တန်းချိန်မှာ နေ့စဉ် မနက် (၈) နာရီမှ ညနေ(၄) နာရီထိဖြစ်ပြီး သင်တန်း (၉) ရက်မြောက်နေ့၌ ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) က တရားဟောကြားခြင်းဖြစ်ပါတယ်။ သင်တန်းသားများရဲ့ တနေ့တာ အာဟာရအတွက် သင်တန်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့က တာဝန်ယူ ကျွေးမွေးလျှက်ရှိပါတယ်။

အဆိုပါ သင်တန်း၌ ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) က “ပေတ၀တ္ထု” လာ ဓနပါလပေတ၀တ္ထုကို “ပြိတ္တာတကောင်၏ မိုက်နောင်တ” ခေါင်းစဉ်ဖြင့် ကလေးငယ်များအား ပုံပြောသလို ဟောကြားခဲ့ကြောင်း၊ သံပေါက်ကလေးများ ချပေးလိုက်၊ အလွတ် ပြန်ဆိုခိုင်းလိုက်၊ အဓိပ္ပါယ် ရှင်းပြလိုက်ဖြင့် ကလေးများ နားလည်လွယ်အောင် အားသွန်ခွန်စိုက် ဟောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဆရာတော်အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) နဲ့ စာရေးဆရာ ဦးဘုန်း(ဓာတု) တို့လည်း ပေါင်းလဲတိုက် ပထမအကြိမ် ယဉ်ကျေးလိမ္မာ (၁၅) ရက် သင်တန်းကို ကြွရောက်ကာ သင်တန်းသား ကျောင်းသူ/ကျောင်းသား ကလေးငယ်များအား ယဉ်ကျေးမှုဆိုင်ရာနဲ့ ဘာသာတရားဆိုင်ရာများ ဟောကြားခဲ့ကြောင်းလည်း သိရပါတယ်။

သတင်း - ပေါင်းလဲတိုက် ယဉ်ကျေးလိမ္မာသင်တန်း အရှင်ဝီရသူ - Apr 30 2012 09:32 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005