ဗန်းမော်ဆရာတော်ဘုရားကြီး ဂျပန်နိုင်ငံ ခရီးစဉ် မှတ်တမ်းဓါတ်ပုံ

ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ န၀မမြောက် ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသအား ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများက ၂၀၁၂ ဧပြီ ၂၈ ရက်နေ့၌ တိုကျို မြန်မာဘုန်းတော်ကြီးကျောင်းတွင် အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းစဉ် ရိုက်ကူးထားတဲ့ မှတ်တမ်းဓါတ်ပုံများနဲ့ ၂၀၁၂ ဧပြီ ၂၉ ရက်နေ့၌ တိုကျိုမြို့တွင် ကျင်းပတဲ့ တရားပွဲ မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါတယ်။

ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီးဟာ ဒီကနေ့ခေတ်တွင် စာပေအရာ၌ ပြိုင်ဘက်မရှိ ထူးချွန် ကျော်ဇောတော်မူတဲ့ ဆရာတော်တဆူ ဖြစ်တော်မူသလို တိပိဋကဓရ ဆရာတော်များကိုလည်း မွေးထုတ် သင်ကြားပေးခဲ့တဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။ မကွေးဆရာတော်ဘုရားကြီး ပျံလွန်သွားပြီးတဲ့နောက် ဗန်းမော်ဆရာတော်ကြီးအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဖြစ် သံဃာထုက ရွေးချယ်တော်မူခဲ့ကြပါတယ်။

ဓါတ်ပုံသတင်း - ဗန်းမော်ဆရာတော် တိုကျို ဂျပန် - Apr 30 2012 07:03 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005