အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ မေလ ၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ မေလ ၂ ရက်နေ့တွင် ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာသတင်းများအရ သိရှိရပါတယ်။

ထိုသတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်ကလာတဲ့ အေပီသတင်းတပုဒ်တွင် အငြင်းပွားနေတဲ့ လွှတ်တော် ကျမ်းကျိန်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားနေခြင်းနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ပြီဖြစ်တယ်လို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ဖော်ပြထားပါတယ်။ ထိုသတင်းတွင် ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီက ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဗုဒ္ဓဟူးနေ့ (၂၀၁၂ မေ ၂ ရက်နေ့) တွင် ပထမဆုံးအကြိမ်အဖြစ် လွှတ်တော် အစည်းအဝေးများကို တက်ရောက်မှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။ သို့သော် ကျမ်းကျိန်မှု အငြင်းပွားနေတဲ့ ကိစ္စ ဘယ်လို ပြေလည်သွားတယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။

အဆိုပါသတင်းအား ဆဲဗဲန်းဒေးသတင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွင် “'' လူတွေရဲ့ ဆန္ဒကို လေးစားလို့ရယ် ဦးသိန်းညွန့်ပါတီနဲ့ ကြံ့ခိုင်ရေးပါတီကလွဲလို့ ကျန်ပါတီတွေက လွှတ်တော်တက်ဖို့ မနေ့ကလာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ညှိုနှိုင်းခဲ့တဲ့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေါ် အောင်ဆန်းစုကြည်က ပြောပါတယ် '' ဟု ဒေါ်မေဝင်းမြင့်က 7 Day News သို့ပြောကြားသည်။” လို့ ရေးသားထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေနဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်ဖို့ ထုတ်ဖော် ပြောဆိုလိုက်တဲ့အချိန်ဟာ ပြည်ထောင်စုလွှတ်တော်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မိန့်ခွန်းပြောကြားချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ ၂၀၁၂ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းတွင် ကြပ်ပြေးနေပြည်တော်ကို ရောက်ရှိကာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် မြန်မာ ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ သတင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူ ဦးဉာဏ်ဝင်းက ကျမ်းကျိန်စာသား ပြင်ဆင် မပေးသေးကြောင်း၊ ပြည်သူ့အသံကို နားထောင်ခြင်းဖြစ်ကြောင်း၊ ပြည်သူတွေက ပြည်သူ့လွှတ်တော်ကို တက်ရောက်စေလိုကြောင်း၊ တိုင်းရင်းသားပါတီများကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စာပို့ထားကြောင်း၊ ဒ့ါကြောင့် နဂို ရှိရင်းစွဲ ကျမ်းကျိန်လွှာနဲ့ ကျမ်းသစ္စာပြု တက်ရောက်မှာ ဖြစ်ကြောင်း ပြောကြားတယ်လို့ ရေးသားထားပါတယ်။
ကြားဖြတ်သတင်း - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် - Apr 30 2012 02:48 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005