ကြံခင်းမြို့ န၀န်းဂုဏ်းကျောင်းတိုက်၊ (၁၃) ကြိမ်မြောက် နွေရာသီ ဓမ္မာစရိယစာချသင်တန်းဖွင့်ပွဲ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့ န၀န်းဂုဏ်းကျောင်းတိုက်၊ (၁၃) ကြိမ်မြောက် နွေရာသီ ဓမ္မာစရိယစာချသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၂၊ ဧပြီ ၂၃ ရက်နေ့တွင် ကျင်းပခဲ့ရာ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် အရှင်ဝီရသူ ကြွရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါတယ်။

ထိုအခမ်းအနားတွင် ကြံခင်းမြို့လယ်ယာကျောင်းတိုက်ဆရာတော်ဘုရားက ငါးပါးသီလ ချီးမြှင့်ခဲ့ပြီး ဆရာတော် အရှင်ဝီရသူက သြ၀ါဒကထာ မိန့်ကြားခဲ့ကြောင်း၊ ကြံခင်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ အစိုးရအရာရှိများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့ န၀န်းဂုဏ်းကျောင်းတိုက်၊ နွေရာသီ ဓမ္မာစရိယစာချသင်တန်းကို ၂၀၀၀ ခုနှစ်မှ စတင်၍ နှစ်စဉ် နွေရာသီတိုင်း ဖွင့်လှစ်ခဲ့ရာ ဒီနှစ်တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်တိုင်းတို့က စာချတန်းသံဃာများ ဖြစ်ကြတဲ့ သင်တန်းသား (၄၆) ပါး၊ သီလရှင်ဆရာလေး (၃) ပါး တက်ရောက်ကြပါတယ်။ စာချဆရာတော်များက ထိုသင်တန်းကို လေးနှစ်တကြိမ် အလှည့်ကျ သင်တန်း ပို့ချခဲ့ကြရာ ဒီနှစ် သင်တန်းကို ဆရာတော် အရှင်ဝီရသူ သင်ကြားပို့ချမှာ ဖြစ်ပါတယ်။

အဆိုပါသင်တန်းကို အမျိုးသားရေးစိတ်ဓါတ်၊ ဘာသာရေးစိတ်ဓါတ်များ မြင့်မားရေးအတွက် စနစ်တကျ သင်ကြားပို့ချခြင်းဖြစ်ရာ သင်တန်း တက်ရောက်ကြတဲ့ သံဃာတော်များ၊ သီလရှင်များရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးတို့ကို သင်တန်းက တာဝန်ယူပြီး စာချတန်း စာဝါများအပြင် အင်္ဂလိပ်စာသင်တန်း ပို့ချခြင်း၊ ဟောပြောပွဲများ ကျင်းပခြင်းများ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ကြံခင်းမြို့ န၀န်းဂုဏ်းကျောင်းတိုက်၌ နွေရာသီ ဓမ္မာစရိယ စာချသင်တန်းအပြင် န၀န်းဂုဏ်းကျောင်းတိုက် တိုက်အုပ်ဆရာတော် ဦအိသ်သရိယနဲ့ ဦးတေဇိန္ဒ၊ မစိုးရိမ်ကျောင်းတိုက်သစ် ဆရာတော် ဦးသီလာနန္ဒာဘိဝံသအရှင်မြတ်တို့က ၄၅ ရက်ကြာ သင်ကြားပို့ချတဲ့ ယဉ်ကျေးလိမ္မာသင်တန်း၊ အဘိဓမ္မာသင်တန်း၊ ဋီကာကျော်သင်တန်း၊ သံယုတ်သင်တန်းများကိုလည်း ဖွင့်လှစ်ထားကြောင်း၊ ထိုသင်တန်း တက်ရောက်ခဲ့သူများအနက် တိုင်းအဆင့်၊ ဗဟိုအဆင့် ထူးချွန်ဆုရသူများလည်း ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

ဓါတ်ပုံသတင်း - ဧရာဝတီတိုင်း ကြံခင်းမြို့ န၀န်းဂုဏ်းကျောင်းတိုက် (၁၃) ကြိမ်မြောက် နွေရာသီ ဓမ္မာစရိယစာချသင်တန်းဖွင့်ပွဲ - Apr 25 2012 12:34 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005