လော့စ် အိန်ဂျလိစ်မြို့ သုန္ဒရာရာမ ဗြဟ္မ၀ိဟာရကျောင်း သင်္ကြန်ပွဲ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျလိစ်မြို့ သုန္ဒရာရာမ ဗြဟ္မ၀ိဟာရကျောင်းတွင် ၂၀၁၂ ဧပြီ ၂၂ ရက် (တနင်္ဂနွေနေ့) က ကျင်းပတဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲ မှတ်တမ်း ဓါတ်ပုံများ ဖြစ်ပါတယ်။ ထို အတာသင်္ကြန်ပွဲတွင် ကလေးငယ်များ၊ ပရိသတ်များက မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော် အစဉ်အလာအတိုင်း ရေပက်ကစားကြသလို မြန်မာ့ရိုးရာ အစားအသောက်များနဲ့ တည်ခင်း ဧည့်ခံခြင်း၊ ကျောင်းဝင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ပန်း၊ ရေချမ်း၊ ဆွမ်း ခဲဘွယ်ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခြင်းနဲ့ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခြင်း အစီအစဉ်များ ပါဝင်ခဲ့ပါတယ်။

ဓါတ်ပုံသတင်း - လော့စ် အိန်ဂျလိစ်မြို့ သုန္ဒရာရာမ ဗြဟ္မ၀ိဟာရကျောင်း သင်္ကြန်ပွဲ - Apr 24 2012 05:11 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005