ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲလ်က ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းရဲ့ ပထမခြေလှမ်း

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲလ်မြို့မှာရှိတဲ့ ကရင် စာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့ ပထမ ခြေလှမ်းအဖြစ် ဗုဒ္ဓဘာသာ အခြေခံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို တိပိဋက ဘုန်းကြီးကျောင်းမှာ ၂၀၁၂၊ ဧပြီ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ထို ဗုဒ္ဓဘာသာ အခြေခံသင်တန်းကို တိပိဋကကျောင်းရဲ့ ကျောင်းထိုင်ဘုန်းတော်ကြီး ဦးနန္ဒသာရ က ကြီးမှူးကာ သင်တန်း ပို့ချသွားမှာဖြစ်ပြီး ကရင်စာပေနဲ့ ယဉ်ကျေးမှုအသင်းနဲ့ တိပိဋကဘုန်းကြီးကျောင်း ဂေါပကအဖွဲ့ကလဲ ပံ့ပိုး ကူညီသွားမှာ ဖြစ်ပါတယ်။

ထိုဖွင့်ပွဲ အခမ်းအနားမှာ ဘုန်းကြီး ဦးနန္ဒသာရက “ဗုဒ္ဓသာသနာ ရှည်ကြာ တည်တံ့ဖို့ ၊ အမျိုးဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်ဖို့ ၊ မိမိတို့ ရင်သွေးငယ်များ စိတ်နှလုံးမှာ ဘုရားတည်ဖို့  စွဲမြဲဖို့ ၊ မျိုးဆက်မပြတ် မြင့်မြတ်ဘဝကို ပိုင်ဆိုင် ရရှိဖို့ ၊ တဦးနဲ့တဦး လေးစားကူညီတတ်ဖို့အတွက် ဗုဒ္ဓဘာသာ အခြေခံသင်တန်းကို ဖွင့်လှစ် သင်ကြားရတာဖြစ်တယ်“ လို့  တရားနာပရိသတ်များကို ဟောကြားသွားပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာသင်တန်း နဲ့ မြန်မာစာပေ၊ ကရင်စာပေ သင်ကြားမှုများ အောင်မြင်နိုင်ရေးဟာ ဘုန်းကြီး၊ ဆရာများအပြင် ကျောင်းသားမိဘများရဲ့ ပူးပေါင်း ပါဝင်မှုလဲ အထူး လိုအပ်ကြောင်း၊ ဆရာ ဒါယကာ ညီညွတ်စွာ လုပ်ဆောင်ရင် အောင်မြင်မှာဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆီယက်တဲလ်မြို့တွင် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဖြစ်တည်ရန် ကမကထပြုခဲ့သော ကိုကျော်ဟုန်းကလဲ “ဘယ် ကိစ္စမဆို ပထမခြေလှမ်းဟာ အရေးကြီးကြောင်း၊ ဘာသာ လူမျိုး မခွဲဘဲ မြန်မာနိုင်ငံသားအချင်းချင်း စည်းလုံးစွာ လုပ်ဆောင်တတ်ဖို့ လိုကြောင်း၊ အသင်းရဲ့ အဓိက ရည်ရွယ်ချက်များ အောင်မြင်ကျယ်ပြန့်ဖို့ အသင်းသား ၊ အမှုဆောင်များ အားလုံး ပိုမို ကြိုးစားသွားဖို့ လိုအပ်ကြောင်း” အတွင်းရေးမှူး စောမုန်တိုင်းအား မှာကြားခဲ့ပါတယ်။ စောမုန်တိုင်းကလဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာသော အခြားအဖွဲ့အစည်းများမှ လူကြီးများကို “ မိမိတို့ အဖွဲ့ဟာ စာပေ၊ ယဉ်ကျေးမှုများကို ပြန့်ပွား တည်တံ့အောင် စေတနာအရင်းခံကာ မျိုးဆက်သစ်များအတွက် ဆောင်ရွက်ပေးဖို့  အဖွဲ့ကို တည်ထောင်ရတာဖြစ်ကြောင်း၊ အခြား အဖွဲ့အစည်းများနဲ့ လဲ ယဉ်ကျေးမှုဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း “ ပြောကြားခဲ့ပါတယ်။

ထို ဗုဒ္ဓဘာသာ အခြေခံသင်တန်း ဖွင့်ပွဲမှာ ဘုန်းတော်ကြီးအား နေ့ဆွမ်း ကပ်လှူခဲ့ပြီး ကြွရောက်လာကြတဲ့ ပရိသတ်များကို ဒန်ပေါက်ထမင်းဖြင့်  ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ အခမ်းအနားကို စုစုပေါင်း လူ (၅၀) ကျော်ခန့်  တက်ရောက် အားပေးခဲ့ကြောင်း ယနေ့ မြန်မာသတင်းဌာနက သတင်း ရရှိပါတယ်။

ဓါတ်ပုံသတင်း - ဝါရှင်တန်ပြည်နယ် ဆီယက်တဲလ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း - Apr 24 2012 06:23 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005