မန္တလေး ပေါင်းလဲ ဓမ္မဗိမာန်တော်ကြီး ဗုဒ္ဓဘာသာ လူငယ် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲ

ကလေးလူငယ်များ ဘာသာရေးအသိဉာဏ် ပြည့်စုံပြီး ယဉ်ကျေးလိမ္မာသူများ ဖြစ်လာစေရန် ရည်ရွယ် ဖွင့်လှစ်တဲ့ “ဗုဒ္ဓဘာသာ လူငယ် ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ” ကို ၂၀၁၂၊ ဧပြီ ၂၁ ရက်နေ့က မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်းနဲ့ လမ်း ၄၀ ကြား၊ ၈၂ လမ်းနဲ့ ၈၄ လမ်းကြား၊ ပေါင်းလဲဘုရားဝင်းအတွင်းရှိ ပေါင်းလဲဓမ္မဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားတွင် ပေါင်းလဲဆရာတော်ကြီးက ငါးပါးသီလ ချီးမြှင့်ပြီး၊ သစ္စဝေဒဂူဆရာတော် အရှင်ခေမာစာရက သင်တန်း ဖွင့်လှစ်ရခြင်း အကြောင်းကို ရှင်းပြကာ၊ ဆရာတော် အရှင်ဝီရသူက သြ၀ါဒကထာ မြွက်ကြားပါတယ်။

ပေါင်းလဲ ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပတဲ့ ယဉ်ကျေးလိမ္မာ သင်တန်းကို သင်တန်း ဖြစ်မြောက်ရေး အကျိုးတော်ဆောင် အဖွဲ့၊ ရေတံခွန်တောင် သစ္စာဝေဒဂူ မိုးကုတ်ဝိပဿနာရိပ်သာ ဆရာတော် သဓမ္မဇောတိကဓဇ အရှင် ခေမာစာရ ဦးစီးတဲ့ သင်တန်း အုပ်ချုပ်သင်ကြားရေးအဖွဲ့တို့ ပူးပေါင်း ဖွင့်လှစ်တာ ဖြစ်ပြီး သင်တန်းသူ/သင်တန်းသား (၅၀၀) ကျော် တက်ရောက်ကြကာ သစ္စဝေဒဂူကျောင်းတိုက်မှ ရဟန်းတော်များ၊ သီလရှင် ဆရာလေးများ၊ ယောဂီဆရာ/ဆရာမများက သင်တန်းပို့ချမှာ ဖြစ်ပါတယ်။ သင်တန်းကာလမှာ ၂၀၁၂၊ ဧပြီ ၂၁ ရက်နေ့မှ မေလ ၅ ရက်နေ့အထိဖြစ်ကာ နေ့စဉ် မနက် ၈ နာရီမှ ညနေ ၅ နာရီထိ သင်ကြားပို့ချမှာ ဖြစ်ပါတယ်။

သင်တန်းသူ/သင်တန်းသားများအတွက် နေ့လည်စာကို သင်တန်းမှ နေ့စဉ် တာဝန်ယူ ကျွေးမွေးမှာဖြစ်ပြီး သင်တန်း ဝေယျာဝစ္စအဖွဲ့၊ ကြီးကြပ်ရေးအဖွဲ့၊ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၊ အလှူခံအဖွဲ့ စသည်ဖြင့် စနစ်တကျ ဖွဲ့စည်းထားကာ သင်တန်းသူ/သင်တန်းသားများအတွက် နေ့လယ်စာထမင်းနဲ့ ညနေစာ အအေး ကုန်ကျစရိတ်များအတွက် ပါဝင်လှူဒါန်းလိုက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရပါတယ်။

၁။ ပေါင်းလဲဘုရား ဂေါပကရုံးခန်း
၃၈ × ၄၀ လမ်း ကြား၊ ၈၂ × ၈၄ လမ်း ကြား၊ မန်းမြို့ဈေး အရှေ့ဘက်
ဖုန်း - ၀၉ - ၄၃၁၄ ၇၂၂၃

၂။ ဦးကျော်ဝင်း + ဒေါ်ကြင်ကြင်မြိုင်
၃၅ လမ်း - ၈၈ လမ်းဒေါင့် မီးရထားတိုက်တန်း
ဖုန်း - ၀၉ - ၉၁၀၁ ၅၃၄၁

၃။ ဒေါ်တင်တင်ဝင်း
ရွှေယမင်း ဇာဘော်လီ
၃၈ × ၃၉ လမ်း ကြား၊ ၈၆ လမ်း ရွှေတချောင်းအရှေ့ဘက်
ဖုန်း - ၀၉ - ၆၁၀၀ ၅၄၈၂

၎။ ကိုဇော်မင်း + မ၀ါဝါထွေး
P. C. O. ဖုန်းဆိုင်
၃၈ × ၃၉ လမ်း၊ ၈၆ လမ်း
ဖုန်း - ၀၂ - ၃၅၄၆၄

၅။ ကိုမော်မောင် + မထွေးထွေး
ယုဇန ခြင်ထောင်ဆိုင်
၃၇ × ၃၈ လမ်း ကြား၊ ၈၁ လမ်း

၆။ ကိုကျော်နိုင် + မမာမာဦး
၃၅ × ၃၆ လမ်းကြား၊ ၈၆ × ၈၇ လမ်း ကြား
(ရွှင်လန်း စက်ချုပ်ဆိုင်လမ်းကြား)
ဖုန်း - ၀၉ - ၉၀၁၂ ၆၈၄၀

၇။ မ၀င်းဝင်းနိုင်၊ ဒေါ်မမလေး
ရွှေယမင်း ဇာဘော်လီ
G ရုံ၊ ဆိုင်အမှတ် (၃၁) မန်းမြန်မာပလာဇာ မြေညီထပ်
ဖုန်း - ၀၉ - ၉၁၀၀ ၅၄၈၂

၈။ ဒေါ်အေးအေးမော်
စွယ်တော်ကွက်သစ်
ဖုန်း - ၀၉ - ၉၁၀၄ ၅၈၇၆

သတင်း - မန္တလေး ပေါင်းလဲ ဓမ္မဗိမာန်တော်ကြီး ဗုဒ္ဓဘာသာ လူငယ် ယဉ်ကျေးလိမ္မာသင်တန်း - Apr 23 2012 03:46 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005