သာဓု၊ သာဓု၊ သာဓုပါဗျာ

ယခုနှစ်သင်္ကြန်တွင် ကုသိုလ်၊ ဗေလုဝ၊ မေတ္တာစသည့် သင်္ကြန်မင်းသားများသည် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးတို့တွင် “သာဓုပါ ဗျာ” သံချပ်အဖွဲ့ ဖွဲ့စည်း၍ လိုက်လံ ဖျော်ဖြေ တင်ဆက်ခဲ့ရာ အလှူငွေများ ရရှိခဲ့ပြီးသည့်နောက် နှစ်သစ်ကူးအချိန်ကာလတွင် လူမှုရေးအသင်းအဖွဲ့များသို့ မိမိတို့ ဖျော်ဖြေရေးမှ ရရှိသော အလှူငွေများထဲမှ အချိုးကျ တဆင့်လှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည်။

၂၁၊ ၄၊ ၂၀၁၂ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ “သာဓု ပါဗျာ” သံချပ်အဖွဲ့ (ကုသိုလ်၊ ဗေလုဝ၊ မေတ္တာ၊ အရိုင်း) တို့မှ အလှူငွေကျပ် ငါးသိန်းနှင့် မေတ္တာ + လွင်မီမီကိုမိသားစု မှ တသိန်းကျပ်၊ မေတ္တာမြင့်မြတ်ဟိန်းနှင့် (၇) ရက်သားသမီးမှ သုံးသောင်းကျပ်၊ ငြိမ်းချမ်းနိုင် + မဇင်မာအေးနှင့် သမီးတို့မှ တသောင်းကျပ်၊ မောင်ဇေယျာမင်း + မစောမြတ်မွန် (ခ) မအိမွန် တို့၏ မင်္ဂလာဦးအလှူအဖြစ် ငါးသောင်းကျပ်တို့အား အသီးသီး လှူဒါန်းခဲ့ကြသည်။ “သာဓုပါဗျာ” အဖွဲ့သားများအား နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လုပ်ဆောင်ချက်များအား လိုက်လံ ရှင်းလင်း ပြသခဲ့ကာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယင်းအလှူဒါနပွဲသို့ ပြည်တွင်းသတင်း မီဒီယာများမှလည်း လာရောက်၍ မှတ်တမ်းတင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် သင်္ကြန်အချိန်ကာလအတွင်း သံချပ်တည်းဟူသော စကားလုံးကို မကြားမမြင်ခဲ့ရသည်မှာ နှစ်ပေါင်းသုံးဆယ်နီးပါးခန့် ရှိခဲ့ပြီဖြစ်ရာ ယခု ၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ပြန်လည်၍ သံချပ်အဖွဲ့များဟူ၍ ရှင်သန်လာမှုသည် ပြည်သူ/သားများအတွက် များစွာ ဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။ သံချပ်ဟူသောစကားသည် အများပြည်သူလူထုတို့၏ ဟစ်တိုင် ဆိုလျှင်လည်း မမှားချေ။ မြန်မာပြည်တွင်းရှိ ပြည်သူလူထုတို့ တွေ့ကြုံ ခံစားနေရသည့် အခက်အခဲ၊ အကြောင်းအရာများအား ဟစ်တိုင်သဖွယ် တီးလုံး သံစဉ်တို့ဖြင့် ပြည်သူလူထုကိုယ်စား ဖျော်ဖြေ တင်ဆက်ရသော တင်ဆက်ပြသမှုတရပ်ပင် ဖြစ်သည်။

ထို့ကြောင့် ပြည်သူလူထုကိုယ်စား ဟစ်တိုင်သဖွယ် တောင်းဆိုမှုများကို ၂၀၁၂ ခုနှစ်တွင် ပြန်လည်၍ ထိုးဖောက်ကာ သံချပ်သမိုင်းကို ပြန်လည်ကာ ရဲရဲဝံ့ဝံ့ ဦးဆောင် ဖော်ထုတ်ခဲ့သော အဖွဲ့များအနက် ယခု “သာဓုပါဗျာ” အဖွဲ့အား လှူဒါန်းမှုအစုစုနှင့် ဖျော်ဖြေမှုအစုစုတို့အား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ သာဓု၊ သာဓု၊ သာဓု ဟု ခေါ်ဆိုလိုက်ပါတော့သည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 23 2012 02:02 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005