ဘက်စုံပေးဆပ်မှုများ

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ထပ်မံ၍ တိုးချဲ့ပေးဆပ်မည်ဖြစ်သော အရေးပေါ် ကူညီကယ်ဆယ်ရေးတည်းဟူသော မီးလောင်ကျွမ်းမှု၊ မော်တော်ယာဉ်တိုက်မှု စသည့် မှုခင်းများတွင် အသက်အန္တရာယ် စိုးရိမ်ရသော လူနာများအား အချိန်မီ အသက်ကယ်တင်နိုင်ရန်အတွက် သက်ဆိုင်ရာ အစိုးရဆေးရုံကြီးများသို့ ပို့ဆောင် ကယ်တင်နိုင်ရန် ရည်ရွယ်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အရေးပေါ် လူနာတင်ယာဉ်အား မေလဆန်းပိုင်းတွင် စတင် အကောင်အထည်ဖော်တော့မည်ဖြစ်သည်။ လူနာတင်ယာဉ်ပေါ်တွင် လိုက်ပါကြမည့် လူမှုရေးသမားအားလည်း မြန်မာနိုင်ငံ တိုင်းကြက်ခြေနီအဖွဲ့မှ လာရောက်၍ အရေးပေါ် ရှေးဦး သူနာပြုစုနည်းသင်တန်းအား စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ရာ လူမှုရေးသမား အယောက် (၃၀) ဦးတို့သည် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်း ရရှိခဲ့ပြီး ဖြစ်သည်။

၁၉၊ ၄၊ ၂၀၁၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသားဖြစ်သူ ဦးသန်းစိန်၏ မိခင် ဒေါက်တာ ဒေါ်ကြည်ကြည်သည် အသက်အရွယ် ကြီးမြင့်လာသည်နှင့်အမျှ အမောဖောက်ကာ အသက်ရှုရန် ခက်ခဲသည့်အတွက် သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်) မှ အောက်ဆီဂျင်အိုး သွားရောက် ပေးပို့ခဲ့သော်လည်း လူနာ၏အခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် ဆရာဝန်၏ ညွှန်ကြားချက် အရ အရေးပေါ်ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဆက်သွယ် အကြောင်းကြားခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သီတဂူဆရာတော်ဘုရားကြီး လှူဒါန်းထားသော အရေးပေါ်လူနာတင်ယာဉ်အား ဥက္ကဋ္ဌ ဦးကျော်သူနှင့် ကြက်ခြေနီသင်တန်းဆင်း၊ နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသား/သူများမှ လျင်မြန်စွာဖြင့် ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ ဦးသန်းစိန်၏ နေအိမ်သို့ သွားရောက်ကာ မိခင်ဖြစ်သူ ဒေါက်တာ ဒေါ်ကြည်ကြည်အား လူနာတင်ယာဉ်ပေါ်သို့ သယ်ဆောင်ပြီး ဆရာဝန် ညွှန်ကြားထားသော အလုံမြို့နယ်ရှိ အာရှတော်ဝင် ဆေးရုံသို့ အောက်ဆီဂျင်ပေး၍ ပို့ဆောင်ခဲ့သည်။ အာရှတော်ဝင်ဆေးရုံသို့ ရောက်ရှိသော် အရေးပေါ်ကုသဆောင်တွင်းသို့ အချိန်မီ သယ်ဆောင်ပို့သခဲ့ကာ ဆေးရုံရှိ ဆရာဝန်ကြီးများ၏ ကုသမှုကို ခံယူခဲ့သည်။

မိခင်ကြီး ဒေါက်တာ ဒေါ်ကြည်ကြည်သည် ယနေ့ ၂၀၊ ၄၊ ၂၀၁၂ ရက်နေ့တွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်ကာ သတိ ပြန်လည် ရရှိနေပြီဖြစ်ကြောင်း သိရှိရသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် များစွာ ဝမ်းမြောက်ပီတိ ဖြစ်မိသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် လူ့လောကထဲသို့ ရောက်ရှိလာသော ကလေးငယ်များအတွက် ကိုယ်ဝန်ဆောင်မိခင်များအား ခွဲစိတ် မွေးဖွား ပေးခဲ့သလို၊ ကလေးငယ်များ၏ ပညာရေး (ယဉ်ကျေးလိမ္မာသင်တန်းများ၊ အင်္ဂလိပ်စာ အခြေခံသင်တန်းများ) ကို ပို့ချ သင်ကြားပေးခဲ့သည့်အပြင် လူငယ်/ရွယ်များအတွက်လည်း ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာ (ရေး - ဖတ် - ပြော) သင်တန်းများ၊ လူမှုရေးသင်တန်းများအပြင် အလုပ်အကိုင် ရှာဖွေရေးအတွက် စာရင်းကိုင်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှု သင်တန်း၊ ဒီဇိုင်နာသင်တန်းများကိုပါ (အခမဲ့) ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။

၎င်းအပြင် ကျန်းမာရေးချို့တဲ့သော လူနာများအားလည်း (အခမဲ့) ဆေးဝါးကုသပေးခြင်းတို့ ကို ပြုလုပ်ပေးကာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော သူတို့အတွက်လည်း နာရေးကူညီမှုလုပ်ငန်းအား (အခမဲ့) ကူညီဖေးမ ပေးဆပ်ခဲ့သည်။ ယခုဆိုလျှင် အသက်မဆုံးရှုံးသင့်ဘဲ မဆုံးရှုံးရအောင် အချိန်မီ အသက်ကယ်တင်နိုင်ရန် အရေးပေါ် ကူညီ ကယ်ဆယ်ရေး ဝန်ဆောင်မှုအားလည်း တိုးချဲ့လုပ်ကိုင် ပေးဆပ်နိုင်ပြီ ဖြစ်တော့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ကမ္ဘာမြေပြင်သို့ ရောက်ရှိလာသော လူသားများ၏ ကမ္ဘာမြေပြင်မှ ပြန်လည် ထွက်ခွာသွားသည့် အချိန်အထိ လိုအပ်မှုများကို အရှိန်အဟုန်မြင့်စွာဖြင့် လူသားချင်းစာနာစိတ် မွေး၍ ဘက်စုံ ပေးဆပ် ကူညီမှုများကို တိုးချဲ့လုပ်ဆောင်နေပြီ ဖြစ်တော့သည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 20 2012 10:16 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005