အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကို သပိတ်မှောက်ပြီ လား

http://news.yahoo.com/myanmar-opposition-says-boycott-parliament-065720342.html
ဧပြီ ၂၃ ရက်နေ့တွင် ကျင်းပမယ့် ပြည်သူ့လွှတော် အစည်းအဝေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ တက်ရောက်ရန် မသေချာသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧပြီ ၂၀ ရက်နေ့ မနက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်ပါတယ်။ ထိုသတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်က ပေးပို့တဲ့ အေအက်ဖ်ပီသတင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်သူ့လွှတ်တော်ကို သပိတ်မှောက်ဖို့ ရှိတယ်လို့ ရေးသားထားပါတယ်။ (http://news.yahoo.com/myanmar-opposition-says-boycott-parliament-065720342.html)
အခုလို ဖြစ်ပျက်လာတဲ့ အခြေအနေဟာ လအတန်ကြာ အဆင်ပြေလာတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကနေ သွေဖီကြမယ့် အရိပ်အယောင်လား၊ တစုံတရာ ပြေလည်နိုင်ခြေရှိတဲ့ အခင်းအကျင်းလားဆိုတာ မရေမရာ ဖြစ်နေပါတယ်။ တဖက်မှာလည်း စဉ်းစားစရာရှိတာက အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေ လျော့ချလိုက်သလို ဂျပန်နိုင်ငံကလည်း ချေးငွေတွေ လျှော်ပေးတော့မယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အစည်းအဝေး မတက်လည်း လောလောဆယ် အဆင်ပြေနေသေးတဲ့ အခြေအနေက ရှိနေသေးတာမို့ အစိုးရဘက်က ပြုပြင် ပြောင်းလဲရေးသမားတွေအတွက် အချိန်ဆွဲနေစရာ အခွင့်အလမ်းက ရှိနေပါတယ်။
ပြီးခဲ့တဲ့တပတ်က ကြားသိရတဲ့ သတင်းများအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျမ်းကျိန်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပြေလည်နိုင်တယ်လို့ သိခဲ့ရပေမယ့် နောက်ဆုံးအချိန်မှာ အခြေအနေတွေ ပြောင်းလဲသွားခဲ့ခြင်းဟာ ကနဦးကတည်းက မျှော်လင့်ချက်မှားတွေ ဖြစ်အောင် အပြည့်အ၀ မမှန်ကန်တဲ့ သတင်းတွေ အသိပေးကြတာလား၊ သို့တည်းမဟုတ် ထိုကိစ္စနဲ့ ပတ်သက်ပြီး ဖိအားတွေ ချက်ခြင်း မြင့်တက်လာမှာစိုးတဲ့အတွက် ပြန်လည်တုန့်ပြန်နိုင်ဖို့ သင်္ကြန်တွင်းမှာ ပြင်ဆင်နိုင်အောင် အချိန်ယူခဲ့ခြင်းလားဆိုတာကလည်း တွေးတောစရာ ဖြစ်နေပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက တာဝန်ရှိသူများနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်များ ဧပြီ ၁၉ ရက်နေ့က တွေ့ဆုံကာ ခုံရုံး တာဝန်ရှိသူတွေက သူတို့ရဲ့အမြင်တွေကို ရှင်းပြခဲ့ကြောင်း၊ ထိုသို့ ရှင်းပြချက်များနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူများက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးထံ လိပ်မူကာ နိုင်ငံတော်သမ္မတရုံး၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ထံကိုလည်း ပေးပို့မှာ ဖြစ်ကြောင်း သိရပါတယ်။ ထိုသို့ ပေးပို့ထားစဉ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေး တက်ရောက်မှာ မဟုတ်တဲ့အတွက် ဧပြီ ၂၃ ရက်နေ့ အစည်းအဝေးကို တက်ရောက်ရန် မသေမချာ ဖြစ်နေပါတယ်။
မြန်မာပြည်မှာ ထိုသို့ အမည်မတူညီမှုတွေ ဖြစ်နေစဉ် မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာများဟာ မြန်မာပြည် တိုးတက်ဖို့ အကူအညီများ ဖြစ်ပြီး မဲခေါင်ဒေသ၊ အခြား အရှေ့တောင်အာရှနိုင်ငံများနဲ့ မြန်မာနိုင်ငံအကြား စီးပွားရေး ကွာဟမှုများကို လျှော့ချနိုင်မယ်လို့ ပြောကြားကြောင်း တိုကျိုကလာတဲ့ အေပီသတင်းတွင် ဖော်ပြထားပါတယ်။ (http://news.yahoo.com/myanmar-leader-welcomes-japanese-investment-082355884--finance.html)
သမ္မတ ဦးသိန်းစိန်က လောလောလတ်လတ် တိုင်းမ်မဂ္ဂဇင်းက ဂုဏ်ပြုထားတဲ့ တိုင်းမ် ၁၀၀ စာရင်းတွင် ပါဝင်သူဖြစ်ပြီး ဦးသိန်းစိန်အကြောင်းရေးသားသူ သန့်မြင့်ဦးက “ဦးသိန်းစိန်ဟာ အံ့သြဖို့ကောင်းတဲ့ ချိန်ခွင်လျှာညှိမှုကို ပြုလုပ်ခဲ့ကြောင်း၊ အစိုးရကို ချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်တပ်ခေါင်းဆောင်၊ စီးပွားရေးသမားတွေ၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ အပါအ၀င် နိုင်ငံရေးပါတီတွေ၊ နုပျိုပြီး တက်ကြွတဲ့ လူမှုအဖွဲ့အစည်းတွေကို ပြောင်းလဲရေးဖြစ်စဉ်မှာ ပါဝင်နိုင်အောင် ဆောင်ရွက်ခဲ့ကြောင်း“ စသည်ဖြင့် ရေးသားထားပါတယ်။
ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ၂၀၁၁ ခုနှစ်တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာပြည်ရဲ့ အပြောင်းအလဲများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ခဲ့နိုင်တာ တွေ့ရပါတယ်။ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲ ဓါတ်ပုံ ရိုက်ကူးခဲ့တဲ့ သတင်းထောက်ဟာလည်း မျက်မှောက်ခေတ်အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပတဲ့ သတင်းဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်နဲ့ ၂၀၁၂ ဧပြီ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီက ထပ်မံ တွေ့ဆုံခဲ့တဲ့အတွက် နောက်ထပ် အပြောင်းအလဲတွေ ဆက်လက် ဖြစ်ပေါ်လာမလား၊ ဖြစ်ပေါ်ပြီးသား အပြောင်းအလဲတွေ ရပ်တန့်သွားမလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
သတင်း - ပြည်သူ့လွှတ်တော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - Apr 20 2012 03:57 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012