ဝေဠုမြိုင်တောရကျောင်း ပထမအကြိမ်မြောက် စိန္တာမုနိဘုရားပွဲတော်

အမေရိကန်ပြည်ထောင်စု၊ ကဲန်တက်ကီပြည်နယ်၊ ဘိုးလင်းဂရင်းမြို့၊ အမှတ် ၁၀၄၄၊ ဂါဗင်လမ်းသွယ်ရှိ ဝေဠုမြိုင်တောရကျောင်းမှာ သီတင်းသုံး၊ စံပယ်တော်မူတဲ့ စိန္တာမုနိရုပ်ပွားတော်ကြီးရဲ့ ဘုရားပွဲတော်ကို ပထမအကြိမ်အဖြစ် ဝေဠုမြိုင်ဆရာတော် ဦးစန္ဒောဘာသနဲ့ မြန်မာပြည် တိုင်းရင်းသားများ ဗုဒ္ဓဘာသာအသင်းတို့က ဦးစီးပြီး ဧပြီ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့များက ကျင်းပခဲ့ကြပါတယ်။

ပထမအကြိမ် စိန္တာမုနိရုပ်ပွားတော် ဘုရားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၁၄ ရက်၊ ညနေ ၆ နာရီတွင် ကျင်းပရာ ဝေဠုမြိုင်ဆရာတော် ဦးစန္ဒောဘာသက အခမ်းအနား ဖွင့်လှစ်ပေးပြီး ကြွရောက်လာကြတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုများက စိန္တာမုနိရုပ်ပွားတော်ကြီးကို ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး၊ လှူဘွယ်ပစ္စည်းများနဲ့ ကပ်လှူပူဇော်ကြပါတယ်။ ထို့နောက် ဧည့်ပရိသတ်များအား အလှူရှင်များက အုန်းနို့ခေါက်ဆွဲ၊ အချိုရည်များနဲ့ ဧည့်ခံသလို အမျိုးသမီးငယ်လေးများကလည်း ကာရာအိုကေ သီချင်း အဆို အကများနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။ ည ၇ နာရီမှာတော့ ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေများဟာ မြောက် ကာရိုလိုင်းနားပြည်နယ် ဓမ္မဗိမာန်ကျောင်း ဆရာတော် ဦးနန္ဒ၀ံသနဲ့ ဝေဠုမြိုင်ဆရာတော် ဦးစန္ဒောဘာသာတို့ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဓမ္မစကြာသုတ်တော် ရွက်ဆိုကာ ကောင်းမှုကုသိုလ်အစုစုတို့အတွက် အမျှအတမ်းပေးဝေ၍ ဘုရားပွဲ အကြိုနေ့ အစီအစဉ်များကို ရပ်နားခဲ့ပါတယ်။

ထို့နောက် ဘုရားပွဲတော်နေ့ (ဧပြီ ၁၅ ရက်နေ့) မနက် ၁၀ နာရီ ၃၀ မိနစ်တွင် စိန္တာမုနိဘုရားကြီးကို ဆွမ်းတော်ကြီးတင် ကပ်လှူပူဇော်ပြီး သံဃာတော်မြတ်များအား နံနက် ၁၁ နာရီတွင် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပါတယ်။ ထို့အပြင် ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်အား ထမင်း၊ ဟင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အချိုရည်၊ သောက်ရေချမ်း၊ မုန့်မျိုးစုံနဲ့ တည်ခင်း ဧည့်ခံသလို ၀ါသနာရှင် လူငယ်များကလည်း အဆိုအကများနဲ့ ဖျော်ဖြေ တင်ဆက်ကြပါတယ်။

နေ့လည် တနာရီမှာတော့ ဆရာတော် ဦးစန္ဒောဘာသထံက ငါးပါးသီလ ခံယူဆောက်တည်ကြပါတယ်။ ဆရာတော် ဦးနန္ဒ၀ံသကလည်း မြတ်စွာဘုရားရဲ့ လက္ခဏာတော်ကြီး ၃၂ ခုအကြောင်း သိကောင်းစရာများ ဟောကြားပြီးနောက် ဆရာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်တွေ ရွတ်ဖတ်သရဇ္ဈယ်ပြီး မေတ္တာပို့ ဆုတောင်းပေးကြပါတယ်။ ထို့နောက် ကြွရောက်လာကြတဲ့ ပရိသတ်တွေက ဝေဠုမြိုင်တောရကျောင်း တိုးချဲ့ဆောက်လုပ်ရေးနဲ့ ဆရာတော်များအတွကန၀ကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြကာ ကောင်းမှုကုသိုလ်အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ်။ နိဂုံးချုပ်အနေနဲ့ ဗုဒ္ဓဘာသာအသင်းနာယက ဦးခင်မောင်ညွန့်၊ ဥက္ကဋ္ဌ ဦးလွယ်ထူးတို့က ဘုရားပွဲ ဖြစ်မြောက်ရေး ပူပေါင်း ကူညီ ဆောင်ရွက်ကြသူအပေါင်းနဲ့ ပရိသတ်အပေါင်းကို ကျေးဇူးတင်စကား ပြောကြားကာ စိန္တာမုနိဘုရားပွဲတော်ကို ညနေ ၃ နာရီတွင် ရုတ်သိမ်းခဲ့ပါတယ်။

ဓါတ်ပုံသတင်း - ဝေဠုမြိုင် တောရ စိန္တာမုနိဘုရားပွဲ - Apr 20 2012 02:39 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005