အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သွေး အကူအညီပေးရေး လူငယ်များရဲ့ သင်္ကြန်အလှပြယာဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သွေး အကူအညီပေးရေးနဲ့ အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးရေး (ပညာဒါန) (NLD BG) အဖွဲ့ဟာ ၁၃၇၃ ခုနှစ် မဟာသင်္ကြန်ကာလတွင် အလှပြကားနဲ့ လှည့်လည်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဌာနချုပ်) ရုံး ရှေ့၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်၊ ဂမုန်းပွင့် ကုန်တိုက် ရှေ့၊ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားလူငယ်များရဲ့ ပွင့်လင်းသင်္ကြန်မဏ္ဍပ် အပါအ၀င် ရန်ကုန်မြို့ နေရာအတော်များများတွင် မြန်မာ့ရိုးရာ အတာသင်္ကြန် အဆိုအကများနဲ့ လှည့်လည် ဖျော်ဖြေခဲ့ရာ ကြည့်ရှုအားပေးသူများနဲ့ တိုးမပေါက်အောင် စည်ကားခဲ့ကြောင်း သတင်းရရှိပါတယ်။

သင်္ကြန်မတိုင်မီကာလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေနဲ့ သင်္ကြန်ကာလ ဖျော်ဖြေမှုများ၊ အလှပြယာဉ်များနဲ့ သက်ဆိုင်တဲ့ ကြေငြာချက်တခု ထုတ်ပြန်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမှတ်တံဆိပ်နဲ့ အလံများကို သင်္ကြန်မဏ္ဍပ်ဆိုင်ရာနဲ့ အလှပြယာဉ်များတွင် အသုံးပြုမယ်ဆိုပါက တာဝန်ရှိသူများရဲ့ ကြိုတင် ခွင့်ပြုချက် ရယူရန်လိုအပ်ကြောင်း အသိပေးခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ သင်္ကြန်ကာလအတွင်း ရေကစားခြင်း၊ ရေပက်ခံထွက်ခြင်းများ မပြုလုပ်ခဲ့ကြကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သွေး အကူအညီပေးရေးနဲ့ အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးရေး (ပညာဒါန) (NLD BG) အဖွဲ့ လူငယ်များကတော့ သင်္ကြန်အလှပြကားနဲ့ လှည့်လည်ကာ ခါသင်္ကြန် အဆိုအကများ၊ တေးသံချပ်များနဲ့ ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိပါတယ်။

ဓါတ်ပုံသတင်း - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလှပြယာဉ် - Apr 18 2012 03:15 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005