မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အတွင်း လူ ၈ ဦး သေဆုံးပြီး ၁၆၆ ဦး ဒဏ်ရာ ရရှိခဲ့

၂၀၁၂ ဧပြီ ၁၈ ရက်နေ့ ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၅
၂၀၁၂ ဧပြီ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အတွင်း အမှုပေါင်း ၁၉၂ မှု ဖြစ်ပွားကာ လူ ၈ ဦး သေဆုံး၍ ၁၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၂၀၁၂ ဧပြီ ၁၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၅ တွင် ဖော်ပြထားပါတယ်။ မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အတွင်း သေဆုံး၊ ဒဏ်ရာ ရရှိခဲ့တဲ့ အရေအတွက်ဟာ မြန်မာနှစ်သစ်ကူးနဲ့ တချိန်ထဲလိုလို ကျင်းပတဲ့ ထိုင်းနိုင်ငံက နှစ်သစ်ကူးပွဲတွင် သေဆုံး ဒဏ်ရာ ရရှိသူ အရေအတွက်ထက် အတော့်ကို နည်းနေတာ တွေ့ရပါတယ်။
ယခုနှစ် ထိုင်းနိုင်ငံ နှစ်သစ်ကူး စွန်ခရမ် (Songkran) ပွဲတော်အတွင်း သေဆုံးသူ စုစုပေါင်း ၃၂၀ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူပေါင်း ၃,၃၂၀ ဦး ရှိကြောင်း ထိုင်း ပြည်ထဲရေးဝန်ကြီးက ဧပြီ ၁၈ ရက်နေ့တွင် ကြေငြာခဲ့ပါတယ်။ ထို ဖြစ်ရပ်များအနက် ဧပြီ ၁၇ ရက်နေ့ တရက်ထဲ မတော်တဆမှု ၂၅၇ မှု ဖြစ်ပွားခဲ့ကာ ၃၈ ဦး သေဆုံးခဲ့ပြီး ၂၆၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက် အခြေစိုက် သည် နေရှင်း (The Nation) သတင်းတွင် ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက နှစ်သစ်ကူး အတာသင်္ကြန်ပွဲ မတော်တဆမှုများတွင် ယာဉ်တိုက်မှု ၁၇ မှု၊ ခိုက်ရန် ဖြစ်ပွားမှု ၈၂ မှု၊ ၀တ္တရား နှောက်ယှက်မှု နှစ်မှု၊ မူးယစ် ရမ်းကားမှု ၁၇ မှု၊ ခါးပိုက်နှိုက်မှု ၅၃ မှု၊ စည်းကမ်းပျက် ရေကစားမှု သုံးမှု၊ ကာယိနြေ္ဒ ဖျက်ဆီးမှု ခုနှစ်မှု၊ သေမှုသေခင်း လေးမှု၊ မုဒိန်းမှု တမှု၊ ပေါ့ဆမှု တမှု၊ ခိုးမှု တမှု၊ လက်နက်မှု လေးမှု၊ စုစုပေါင်း ၁၉၂ မှု ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ သုံးဦး၊ သေမှုသေခင်းကြောင့် သေဆုံးသူ လေးဦး၊ ပေါ့ဆမှုကြောင့် သေဆုံးသူ တဦး၊ စုစုပေါင်း ရှစ်ဦး သေဆုံးပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၅၉ ဦး၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဒဏ်ရာရသူ ၁၀၅ ဦး၊ ၀တ္တရားနှောက်ယှက်မှုကြောင့် ဒဏ်ရာရသူ နှစ်ဦး၊ စုစုပေါင်း ဒဏ်ရာ ရရှိသူ ၁၆၆ ဦး ရှိကြောင်း ကြေးမုံသတင်းတွင် ဆက်လက် ဖော်ပြထားပါတယ်။
ဒီနှစ် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု၊ မတော်တဆဖြစ်မှုများ ကြီးကြီးမားမား မဖြစ်ပွားခဲ့သော်လည်း မကွေးတိုင်း၊ ကံမမြို့နယ်တွင် ဧပြီ ၁၃ ရက်နေ့ညက မြန်မာလူမျိုးတဦးနဲ့ အိန္ဒိယနွယ်ဘွားတဦးတို့ အချင်းများရာက အစပြုကာ ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒီဗီဘီသတင်းတွင် ဖော်ပြထားပါတယ်။ နောက်ဆက်တွဲသတင်းများအရ ထို မငြိမ်မသက်ဖြစ်မှုဟာ အေးချမ်းသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။
သင်္ကြန်ကာလအတွင်း မုခစာမျက်နှာ (ဖေ့စ်ဘွတ် - Facebook) တွင် လူပြောများ သွားခဲ့တဲ့ကိစ္စကတော့ သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ မြန်မာအမျိုးသမီးငယ်များရဲ့ ကော့ကော်ကံကားဓါတ်ပုံများနဲ့ ဗီဒီယို အပိုင်းအစများ၊ လူမြင်ကွင်းတွင် လူငယ်စုံတွဲအချို့ နမ်းနေကြတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုအပိုင်းအစများနဲ့ ဆက်နွယ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ထို မှတ်တမ်းများကို နေရာ နှစ်နေရာ သုံးနေရာတွင် ရိုက်ထားဟန် ရှိပြီး ထိုသို့ ဓါတ်ပုံရိုက်ကူးကာ မဖော်ပြသင့်ကြောင်း ပြောကြသလို ခေတ်လူငယ်များရဲ့ မြန်မာ့ယဉ်ကျေးမှု ထိမ်းသိမ်းမှုနဲ့ ရှေ့အလားအလာများနဲ့ ပတ်သက်ပြီး စောကြောသူများလည်း ရှိနေပါတယ်။
သို့သော်လည်း ဖိနှိပ်မှုများ၊ ကြောက်ရွံ့မှုများနဲ့ ယဉ်ပါးနေကြတဲ့ မြန်မာပြည်သူလူထုရဲ့ ၁၃၇၃ ခုနှစ် မဟာသင်္ကြန်တွင် နှစ်ပေါင်း ၂၀ ကျော်ကြာ ပိတ်ပင်ခံထားရတဲ့ သံချပ်များကို ပြန်လည် ကြားလာခဲ့ရသလို ပြည်သူတွေရဲ့အနာဂတ်အတွက် မျှော်လင့်ချက်အလင်းရောင်များလည်း မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
သတင်း - ၂၀၁၂ မဟာသင်္ကြန် - Apr 18 2012 02:55 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012