လသာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ သံချပ်အဖွဲ့ လာရောက် ဖျော်ဖြေ

၈၈ မျိုးဆက်ကျောင်းသားများနဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့သားများဟာ ၂၀၁၂ ဧပြီ ၁၅ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်မြို့ လသာမြို့နယ်၊ မဟာဗန္ဓုလလမ်း (၁၇ လမ်းနဲ့ ၁၈ လမ်းအကြား) ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လသာမြို့နယ်) ရုံးရှေ့တွင် လာရောက် ဖျော်ဖြေကြရာ မြို့နယ်နေ ပြည်သူလူထုက တခဲနက် အားပေးကြခဲ့ကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများဟာ မောင်မောင်ဆိုလေ ထီးရိုး ရှည် သံချပ် အဖွဲ့နဲ့ တွဲဖက်ကာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့၊ နာရေး ကူညီမှုအသင်း (ရန်ကုန်) ၊ မြောက်ဥက္ကလာပမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ သံလျင်မြို့နယ်များအပါအ၀င် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လိုက်လံ ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိပါတယ်။

ဓါတ်ပုံသတင်း - ၈၈ မျိုးဆက် ကျောင်းသား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သံချပ် - Apr 17 2012 06:29 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005