ကွာလာလမ်ပူမြို့တွင် ကျင်းပတဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်

မလေးရှားနိုင်ငံ၊ စလန်းဂေါ (Selangor) ပြည်နယ်၊ ပတ္တလင်းဂျာယာ (Petaling Jaya) အရပ်တွင် တည်ရှိသော စရိယာရာမ ဆန်းဒေးစကူး (Sunday School) ကျောင်းရဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို အဝေးရောက်တိုင်းရင်းသားများ စုပေါင်းကာ ကွာလာလမ်ပူမြို့ တရုတ်တန်းခန်းမကြီးတွင် ဧပြီ ၁၅ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။ ထို သင်္ကြန်ပွဲတော်တွင် စင်ကာပူနိုင်ငံ ကိုဇော်ထက်နဲ့ အဖွဲ့ရဲ့ ဘုရားယိမ်း အက၊ အပျိုတော်အက၊ ရေခပ်ဆင်းချိန် တေးသရုပ်ဖော်အကနဲ့ သင်္ကြန်အကများ၊ မလေးရှားနိုင်ငံရောက် မွန်တိုင်းရင်းသားများရဲ့ မွန်ရိုးရာ အဆို အကများ၊ ကရင်တိုင်းရင်းသားများရဲ့ ကရင်ရိုးရာ အဆိုအကများ၊ ရှမ်းတိုင်းရင်းသားများရဲ့ ရှမ်းရိုးရာအဆိုအကများ၊ တနင်္ဂနွေနေ့ ယဉ်ကျေးမှုသင်တန်း (ဆန်းဒေးစကူး - Sunday School) မောင်မယ်များရဲ့ မြန်မာ့ရိုးရာသင်္ကြန်အဆိုအကများ၊ ရွဲကုန်သည် ပြဇာတ်၊ ရိုးရာသံချပ် စသည်ဖြင့် မြန်မာ့ရိုးရာ၊ မြန်မာတိုင်းရင်းသားရိုးရာ အဆို အကများစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ဓါတ်ပုံသတင်း - ၂၀၁၂ မဟာသင်္ကြန် မလေးရှား ကွာလာလမ်ပူ - Apr 16 2012 11:19 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005