အကြိုနေ့ ပေးဆပ်မှုများ

(၁၂၊ ၄၊ ၂၀၁၂) ရက်နေ့ ကြာသပတေးနေ့သည် မြန်မာ့ရိုးရာသင်္ကြန်အကြိုနေ့ ဖြစ်သည်။ ယင်းနေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ နာရေးကူညီမှုပေါင်း (၄၈) ဦးတို့အား (အခမဲ့) ကူညီ သဂြိုံဟ်ပေးခဲ့ရာတွင် အသက် (၁၀၄) နှစ် ရှိပြီဖြစ်သော အမေကြီး ဒေါ်အေးစိန်၊ အသက် (၁၀၈) နှစ်ရှိပြီဖြစ်သော အမေကြီးဒေါ်လေးခင် တို့အပြင် လမ်းမတော်မြို့နယ်၊ သရက်တော ကျောင်းတိုက်ဝင်းအတွင်းရှိသော သက်တော်ရှည်ကျောင်းမှ သက်တော် (၈၅) နှစ်ရှိသော ဆရာတော် ဦးပညာသာမိ တို့လည်း ပါဝင်ခဲ့သည်။ သင်္ကြန်အကြိုနေ့ကာလဖြစ်သောကြောင့် အထူးနိဗ္ဗာန်ယာဉ်ကြီးများနှင့် ကူညီဖေးမမှုများကို အထူးသတိထား၍ မောင်းနှင်ခဲ့ရသည်။ စတိတ်ရှိုးများ၊ ရေကစားမဏ္ဍပ်ကြီးများ၊ ရေပက်ခံကားများ၊ လမ်းမပေါ်တွင် ရေကစားကြသူများ၊ သောက်စား၊ မူးယစ်၊ ကခုန်ကြသူများကို အတတ်နိုင်ဆုံး ရှောင်ကွင်း၍ မောင်းနှင်ခဲ့ရသည်။

သက်တော် (၈၅) နှစ်ရှိပြီဖြစ်သော ဆရာတော်ဦးပညာသာမိ၏ ရုပ်ကလာပ်အား နေ့လည် (၁၁း၀၀) နာရီအချိန်တွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်အား အပူဇော်ခံထားရှိရာသက်တော်ရှည်ကျောင်းတိုက်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသား/သူများသည် အထူးနိဗ္ဗာန်ယာဉ်ကြီးနှင့်အတူ ရှေ့ပြေး ပုံတော်တင်ယာဉ်၊ ဖယ်ရီကားတို့ဖြင့် သွားရောက် ပင့်ဆောင်ကာ ရန်ကုန်လေဆိပ်မီးပွိုင့် လမ်းခွဲဖြစ်သော ကျောက်ရေတွင်းလမ်းမှတဆင့် ရေဝေးသုဿာန်သို့ ပင့်ဆောင်ခဲ့ကြသည်။ ယခင်နှစ်များတွင် လမ်းပိတ်ဆို့မှု အများဆုံးဖြစ်သော မြောက်ဥက္ကလာလမ်းမကြီးသည် ကွန်ကရစ်လမ်း ခင်းလက်စဖြစ်နေသောကြောင့် စတိတ်ရှိုးခုံများ၊ ရေကစားမဏ္ဍပ်များ နည်းပါးနေသောကြောင့် သွားလာရာတွင် အဆင်ပြေခဲ့သည်။ သို့ရာတွင် သရက်တောကျောင်းတိုက်သို့ သွားရာတွင် မဖြစ်မနေ ဖြတ်သန်းသွားရမည်ဖြစ်သော ပြည်လမ်း၊ တံတားဖြူကန်ဘောင်တလျှောက်တွင် စတိတ်ရှိုးများ၊ ရေကစားမဏ္ဍပ်ကြီးများ ရှိနေသောကြောင့် အနည်းငယ် ကြံ့ကြာခဲ့ရသည်မှလွဲ၍ အဆင်ပြေခဲ့ရသည်။

မြန်မာပြည်တွင်း ပြည်သူပြည်သား လူကြီးလူငယ်မရွေးတို့သည် ယခုလို အခါကြီးရက်ကြီး၊ ပွဲကြီးလမ်းကြီးများ ရှိသော နေ့ရက်များတွင် မည်မျှပင် ပျော်ရွှင်မြူးတူးကြပါစေ ကျွန်တော်တို့ လူမှုရေးသမားများ၊ လူမှုရေးအသင်းအဖွဲ့များ၏ လူသားချင်း စာနာစိတ်ဖြင့် လူမှုရေး လုပ်ဆောင်ပေးဆပ်မှုများအပေါ် နားလည်ပေးမှုများစွာဖြင့် ပြန်လည်၍ ဖေးမမှု၊ ကူညီမှုများ ပြုလုပ်ပေးကြပါလျှင် ကျွန်တော်တို့မြန်မာနိုင်ငံကြီးသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မာစိုရ်တရားထွန်းကားရာ ပျော်ရွှင်ဖွယ် တိုင်းနိုင်ငံကြီးတခု ဖြစ်လာပါတော့မည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 13 2012 06:53 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005