ကယန်း အမျိုးသားနေ့ အခမ်းအနားကို နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက်

ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ သောက်ရေခပ်ကျေးရွာတွင် ၂၀၁၂၊ ဧပြီ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့များက ကျင်းပတဲ့ ၁၂ ကြိမ်မြောက် ကယန်း အမျိုးသားနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ ပေးပို့တဲ့ မှတ်တမ်း ဓါတ်ပုံများ ဖြစ်ပါတယ်။ ၁၂ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားတွင် အခမ်းအနား အစီအစဉ်များအဖြစ် ၂၀၁၂ ဧပြီ ၉ ရက်နေ့ (တနင်္လာနေ့) ညနေ ၄ နာရီ၌ ကယန်း အမျိုးသားအလံ တင်ခြင်း၊ ည ၇ နာရီတွင် ကယန်း ရိုးရာ ယဉ်ကျေးမှုအကများနဲ့ ဖျော်ဖြေခြင်း၊ ဧပြီ ၁၀ ရက်နေ့ မနက် ၈ နာရီတွင် ၁၂ ကြိမ်မြောက် ကယန်း အမျိုးသားနေ့ အခမ်းအနား ကျင်းပခြင်း စတဲ့ အစီအစဉ်များ ပါဝင်ခဲ့ကြပါတယ်။ ထို အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကား အသံဖိုင် ပေးပို့ခဲ့သလို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အမှာစကား အသီးသီး ပြောကြားခဲ့ကြပါတယ်။ ကယန်းတိုင်းရင်းသားများဟာ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်များတွင် နေထိုင်လျက် ရှိကြပါတယ်။

ဓါတ်ပုံသတင်း - ကယန်း အမျိုးသားနေ့ နိုင်ငံရေးအကျဉ်းသား - Apr 13 2012 06:33 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005