SKYNET ရုပ်သံ အစီအစဉ်တွင် မြင်ရတဲ့ ရန်ကုန် မဟာသင်္ကြန် မြင်ကွင်း (ဧပြီ ၁၃ ရက်၊ ၂၀၁၂)

SKYNET ရုပ်သံအစီအစဉ် ထုတ်လွှင့်မှုကို ကြည့်နေရင်း ရန်ကုန်သင်္ကြန်မြင်ကွင်းများအား မိတ်ဆွေများကို မျှဝေလိုတာနဲ့ ဖော်ပြလိုက်ပါတယ်။ ကျွန်တော် ကြည့်နေချိန်မှာ SKYNET ရုပ်သံကနေ ရန်ကုန် မြို့တော်ဝန်မဏ္ဍပ်၊ မန္တလေးမြို့တော်ဝန်မဏ္ဍပ်၊ ရန်ကုန်၊ မန္တလေးနဲ့ ကြပ်ပြေးနေပြည်တော် SKYNET မဏ္ဍပ်များတွင် ဖျော်ဖြေနေကြပုံများအား တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။ SKYNET ရုပ်သံ ထုတ်လွှင့်မှုတွင် နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းမှာ ပြန်လည် တင်ဆက်နိုင်တဲ့ မဟာသင်္ကြန်ရဲ့ အသဲနှလုံး သံချပ်များကိုလည်း သာဓုပါဗျာ အဖွဲ့ရဲ့ ဖျော်ဖြေမှုနဲ့အတူ ခံစားလိုက်ရပါတယ်။ သာဓုပါ ဗျာ အဖွဲ့တွင် ပါဝင် သံချပ်တိုင်သူများကတော့ ၁၉၈၀ ကာလများက ရန်ကုန် မဟာသင်္ကြန် သံချပ်ပြိုင်ပွဲများတွင် ဆုပေါင်းများစွာ ဆွတ်ခူးခဲ့တဲ့ အဖွဲ့များကို ဦးဆောင်ခဲ့ကြသူများ ဖြစ်ကြပါတယ်။ အခု ဓါတ်ပုံများ ဖော်ပြဖို့ ပြင်ဆင်နေချိန်မှာတော့ ရုပ်ရှင်မင်းသား ဇင်ဝိုင်းက ကြပ်ပြေးနေပြည်တော် SKYNET မဏ္ဍပ်တွင် နွေမသီချင်းနဲ့ ဖျော်ဖြေနေပါတယ်။

မြို့တော်ဝန်မဏ္ဍပ်တွင် ဖျော်ဖြေနေတဲ့ မမများ အဖွဲ့

SKYNET မဏ္ဍပ်တွင် ဖျော်ဖြေနေတဲ့ သာဓုပါဗျာ သံချပ်အဖွဲ့

SKYNET မဏ္ဍပ်တွင် ဖျော်ဖြေနေတဲ့ သာဓုပါဗျာ သံချပ်အဖွဲ့

SKYNET မဏ္ဍပ်တွင် ဖျော်ဖြေနေတဲ့ သာဓုပါဗျာ သံချပ်အဖွဲ့

ဓါတ်ပုံသတင်း - ၂၀၁၂ ရန်ကုန် မဟာသင်္ကြန် - Apr 13 2012 05:59 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005