အနုပညာရှင်အချို့အား ဖျော်ဖြေမှု ပိတ်ပင်ထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ ရှင်းလင်း

http://www.yangonmedia.com/news/2012/04/no-talk-permit-song-talk-yangon-division-head

မုခစာမျက်နှာ (ဖေ့စ်ဘွတ် - Facebook) နဲ့ ဒီဗီဘီသတင်းတွင် ဖော်ပြခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ မဲဆွယ်အစီအစဉ်များတွင် ပါဝင်ခဲ့တဲ့ အဆိုတော်အချို့အား ဖျော်ဖြေမှု ပိတ်ပင်ခံရတဲ့ သတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက “အဆိုတော်များ ဖျော်ဖြေမှု ပိတ်ပင်ခံရတယ်ဆိုတဲ့သတင်းဟာ ရန်ကုန်တိုင်း အစိုးရနဲ့ ပတ်သက်ခြင်း မရှိကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် မဲဆွယ် စည်းရုံးခဲ့လို့ ဖျော်ဖြေမှု ပိတ်ပင်ခံရတယ်ဆိုတာလည်း မဟုတ်ကြောင်း၊ သဘောတူညီပြီးမှ စာချုပ် ပယ်ဖျက်ခံရတယ်ဆိုရင် အဆိုတော်တွေ၊ သရုပ်ဆောင်တွေအနေနဲ့ စာချုပ်ဖျက်လိုက်တဲ့ ကုမ္ပဏီအမည်ကို ပြောမယ်ဆိုရင် သဘောတူညီခွင့် ပြန်ရအောင် ကိုယ်တိုင် မေတ္တာရပ်ခံပေးမှာ ဖြစ်ကြောင်း“ ၂၀၁၁ ဧပြီ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲ၊ ၇ နာရီခန့်က ရန်ကုန်မြို့ ပြည်သူ့လွှတ်တော် အဆောက်အဦ၌ ရန်ကုန်အခြေစိုက် မီဒီယာအချို့နဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ကြောင်း ပြည်တွင်း မီဒီယာအချို့ရဲ့ အင်တာနက်စာမျက်နှာများ၌ ဖော်ပြထားပါတယ်။

အဆိုတော်များအား ပိတ်ပင်ခြင်းနဲ့ ပတ်သက်ပြီး ဒီဗီဘီသတင်းဌာနက သတင်းရေးသား ဖော်ပြခဲ့သလို မုခစာမျက်နှာပေါ်တွင်လည်း အကျယ်တ၀င့် ရေးသား ဖော်ပြထားတာကို ဖတ်ရှုခဲ့ရပါတယ်။ ထိုသို့ ပိတ်ပင်ခံရသူများတွင် အဆိုတော် ထူအယ်လင်း၊ မီးမီးခဲတို့ ပါဝင်ကာ ဧပြီ ၁၂ ရက်နေ့ ကြပ်ပြေးနေပြည်တော်က ACE မဏ္ဍပ်တွင် ဖျော်ဖြေရန် စီစဉ်ထားပြီးမှ သက်ဆိုင်ရာက ပါမစ် မပေးခဲ့ဘူးလို့ ကာယကံရှင်များက ဒီဗီဘီသတင်းဌာနကို ပြောခဲ့ပါတယ်။ ထို့အပြင် အဆိုတော် လင်းလင်းနဲ့ အခြား အဆိုတော်အချို့လည်း ထိုသို့ ကြုံခဲ့ရတယ်လို့ ဖေ့စ်ဘွတ် အင်တာနက်စာမျက်နှာများတွင် ရေးသား ဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။

အဆိုတော်များ ပိတ်ပင်ခံရခြင်းဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်ခဲ့တဲ့အတွက် ဖြစ်ကြောင်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများအား မဲဆန္ဒပြုခဲ့ကြတဲ့ ကြပ်ပြေးနေပြည်တော် မဲဆန္ဒနယ်များက ပြည်သူအချို့အား သောက်သုံးရေး အခက်အခဲ ဖြစ်အောင် သက်ဆိုင်ရာ အာဏာပိုင်များက လုပ်ဆောင်ခဲ့ကြတယ်ဆိုတဲ့ ပြောဆိုမှုများလည်း ရှိခဲ့ပါတယ်။

ထိုသတင်းများ ဆက်တိုက် ပေါ်ထွက်လာပြီးနောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်များအား ထောပနာပြုမှုများဟာ သဲထဲရေသွန် ဖြစ်သွားပြီလားလို့ သုံးသပ်မှုများ ရှိလာခဲ့ကြပါတယ်။ မင်းလှမြို့ရှိ မြင့်မြတ်ကြယ်စင် နာရေးကူညီမှုအသင်းအား လုပ်ဆောင်နေတဲ့ လုပ်ငန်းများ ရပ်တန့်ထားရန် အာဏာပိုင်များက ဖိအားပေးခဲ့ကြောင်း နာရေးကူညီမှုအသင်းက ပေးပို့တဲ့ သတင်းတပုဒ်မှာ ရေးသားထားတဲ့အတွက် ဒေသဆိုင်ရာ အာဏာပိုင်များရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ပိုလို့ မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ကြပါတယ်။

မြန်မာအာဏာပိုင်များဟာ သူတို့ သဘောမတွေ့သူများအား အကြောင်းအမျိုးမျိုးနဲ့ ရမယ်ရှာက ပိတ်ပင်တတ်ခဲ့ကြတာမို့ အခုရက်ပိုင်းအတွင်း ဆက်တိုက် ထွက်ပေါ်လာတဲ့သတင်းများဟာ မြန်မာအစိုးရရဲ့ပုံရိပ်ကို တိုက်ရိုက် ထိခိုက်သွားခဲ့ပါတယ်။ အများပြည်သူတွေ ဘယ်လိုပဲ ဝေဖန် ဝေဖန်၊ ယခင် မြန်မာစစ်အစိုးရတွေက လုပ်ချင်ရာကို လုပ်ခဲ့တဲ့အတွက် အင်တာနက်စာမျက်နှာများပေါ်က သတင်းများအပေါ် ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရဲ့ ပြန်လည် ရှင်းလင်းချက်ဟာ ကြိုဆိုရမယ့် ကိစ္စတခု ဖြစ်ပါတယ်။ အာဏာပိုင်တွေဘက်က အခုလို တရားဝင် ဖြေရှင်းမှု ပြုတဲ့အတွက်လည်း ပြည်သူများနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေအကြား ဖြစ်ပေါ်လာနိုင်တဲ့ အထင်အမြင် လွဲမှားမှုများကို အလျှင်အမြန် ဖယ်ရှားလိုက်နိုင်ဘွယ် ရှိပါတယ်။

ကိုးကား

http://www.yangonmedia.com/news/2012/04/no-talk-permit-song-talk-yangon-division-head

http://burmese.dvb.no/archives/23995
သတင်း - အနုပညာရှင်အချို့အား ဖျော်ဖြေမှု ပိတ်ပင်ထားခြင်း မရှိကြောင်း - Apr 12 2012 04:42 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005