ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ တွေ့ဆုံ

http://news.yahoo.com/photos/world-events-slideshow/suu-kyis-national-league-democracy-party-secured-43-photo-055700708.html

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့မှ ကြပ်ပြေး နေပြည်တော်သို့ သွားရောက်ကာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တနာရီကျော်ကြာ တွေ့ဆုံခဲ့ကြောင်း မြန်မာပြည်ဆိုင်ရာသတင်းများအရ သိရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ဟာ ဧပြီ ၁၁ ရက်နေ့ မနက် ၁၁ နာရီတွင် တွေ့ဆုံခဲ့ကြောင်း၊ နှစ်ဦးထဲ သီးသန့် တွေ့ဆုံခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အကြောင်းအရာ တိတိကျကျ မသိရှိကြရသော်လည်း အခုတခေါက်တွေ့ဆုံမှုတွင် ဆွေးနွေးမယ့် ကိစ္စရပ်များဟာ ဦးခင်ညွန့်ရဲ့ ဘန်ကောက်ပို့စ် သတင်းစာကို ပြောကြားခဲ့တဲ့ ဒီပဲယင်း လူသတ်ပွဲကနေ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်လှမ်းရေးတွေ ကယ်ထုတ်တယ်ဆိုတဲ့ ကိစ္စ၊ မကြာခင် ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် ဧပြီလ ၁ ရက်နေ့က ရွေးချယ်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မယ့်ကိစ္စ၊ အမေရိကန်က ခန့်အပ်မယ့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကိစ္စ၊ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး၊ ဗြိတိန် ၀န်ကြီးချုပ် မြန်မာနိုင်ငံကို အလည်အပတ်လာရောက်မယ့် ကိစ္စနဲ့ တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ကိစ္စများဟာ ဆွေးနွေးနိုင်ခြေ ရှိတဲ့ ကိစ္စရပ်များ ဖြစ်နိုင်ကြောင်း သုံးသပ်မိပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ၂၀၁၁ သြဂုတ်လ ၁၉ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ပြီး ၂၀၁၂ ဧပြီ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ ပထမအကြိမ် တွေ့ဆုံခဲ့ကြပြီးနောက် မြန်မာ့နိုင်ငံရေးတွင် သိသိသာသာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကာ ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပခဲ့ပါတယ်။ ထို ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် အများစု အနိုင်ရရှိခဲ့ကာ ဧပြီ ၂၃ ရက်နေ့တွင် ပြန်လည် စတင်မယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို တက်ရောက်ရန် မြန်မာအာဏာပိုင်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အကြောင်းကြားခဲ့ပါတယ်။

အခုတခေါက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ မတွေ့ဆုံမီ နေ့ရက်များက အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် ဦးတင်ဦးတို့ တွေ့ဆုံရန် စီစဉ်မှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင် လွတ်မြောက်ရေးပါတီတို့နဲ့ တွေ့ဆုံရန် စီစဉ်မှုများ ဖျက်သိမ်းခဲ့ကြရကြောင်း၊ ထိုသို့ ဖျက်သိမ်းခဲ့ရခြင်းဟာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များရဲ့ အချိန် အခက်အခဲကြောင့် ဖြစ်ကြောင်း သိရပါတယ်။

သတင်းရပ်ကွက်အချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံပွဲဟာ ကောင်းမွန်တဲ့ တွေ့ဆုံပွဲတခု ဖြစ်ကြောင်း သုံးသပ်ကြပါတယ်။
သတင်း - ဒေါ်အောင်ဆန်းစုကြည် ဦးသိန်းစိန် - Apr 11 2012 06:41 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005