မြေကြီးကို (ကလိ) ထိုးရုံမျှ နှင့် စိုက်နိုင်သော သစ်ပင်များ

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လစဉ်လတိုင်း ကျင်းပလျှက်ရှိသော မြန်မာစာပေဟောပြောပွဲတရပ်အား ၂၀၁၂ ခုနှစ်၊ ဧပြီလ ၈ ရက်၊ (တနင်္ဂနွေနေ့) နေ့လည် (၁း၀၀) နာရီ အချိန်တွင် ၁၃/က ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပခဲ့ပါသည်။ ဒဿမအကြိမ်မြောက် မြန်မာစာပေဟောပြောပွဲတွင် ဆရာအော်ပီကျယ် သည် “ ကူ၍ တွန်းပေးပါ ” ဟူသောခေါင်းစဉ်ဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ စာပေ ချစ်မြတ်နိုးကြသော လူငယ်လူရွယ်များအတွက် ဟောပြောသွားခဲ့ပါသည်။

“ ဇွန်ပန်းရုံအနီး
လှည်းဘီး နွံထဲ ကျွံနေသည်
လေးလွန်း၍ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်း၍ ရွှေ့နိုင်သည်။ ”

ဟူသောကဗျာအား ရွတ်ဆို၍ ကျွန်ပ်တို့မြန်မာနိုင်ငံတော်သည် ရေ၊ မြေ၊ သယံဇာတ ပေါကြွယ်ဝပါသောကြောင့် ဇွန်ပန်းကဲ့သို့ မွှေးကြိုင်၍နေပါသဖြင့် လူငယ်လူရွယ်များတို့သည် ဇွန်ပန်း ရနံ့အား ခံစား၍ နေနေကြသည်ကို တွေ့နေမြင်နေရသဖြင့် ထိုကဲ့သို့ မနေကြဘဲ နွံ့နစ်နေသော လှည်းဘီးအား ပြိုင်တူ တွန်း၍ ရွှေ့နိုင်ကြောင်း၊ အခြားပြည်ပနိုင်ငံများဖြစ်သော စင်္ကာပူနိုင်ငံ၊ ဒူဘိုင်း (UAE) နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ တို့သည် အပင်စိုက်ရာတွင် ရေများလည်း အပင် သေ၊ ရေနည်းလည်း အပင်သေသဖြင့် ခက်ခဲစွာ ပညာရှင်များနှင့် ဂရုတစိုက် စိုက်ပျိုး၍ စိုပြေလှပမှုကို ရယူနေရကြောင်း၊ မြန်မာနိုင်ငံသည် သစ်ပင်၊ ပန်းပင်စိုက်ရာတွင် မြေကြီးအား (ကလိ) ထိုး၍ စိုက်ရုံမျှလောက်နှင့် အပင်ပေါက်နိုင်ကြောင်း ဟာသဉာဏ်နှောကာ ပြောကြားသွားခဲ့ပါသည်။

ဆက်လက်၍ မိမိတို့ နေထိုင်ရာမြန်မာနိုင်ငံ၏ မြေကြီးအောက်ခြေတွင် သယံဇာတများသည် ထုထည်၊ ကုဗ မည်မျှ ရှိသည် မည်မျှထွက်သည်ကို လူငယ်လူရွယ်များ မသိရှိကြဘဲ အိမ်နီးချင်းနိုင်ငံများက သိရှိကြ၍ တန်ဖိုးနည်း ပေးဝယ်ခြင်းအားခံရပြီး တိုင်းပြည် မည်မျှ နစ်နာသွားသည်ကို မသိကြကြောင်း၊ ထိုကဲ့သို့ နွံထဲနစ်နေသည်ကို မြန်မာ လူငယ်လူရွယ်များသည် မသိကြကြောင်း၊ ထိုသို့သိရန် နည်းပညာ၊ ဗဟုသုတ၊ ပညာ၊ လူမှုဆက်ဆံရေး သိဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

တိမ်ကောခဲ့သောမြစ်များ နှင့် မြစ်တစင်းသေရင် ရေစုတ်စက် တသိန်းလောက်နှင့်လည်း ပြန်စုတ်၍ မရနိုင်ကြောင်း၊ ယနေ့ခေတ်သည် ဒီမိုကနေစီခေတ်ဖြစ်သဖြင့် လူငယ်လူရွယ်များသည် သိအောင် လုပ်သင့်ကြောင်း၊ ထို့ကြောင့် မြစ်များ မတိမ်ကောစေရန် လူငယ်လူရွယ်များအား မိမိတို့၏ မိခင်မြန်မာပြည်ကြီးအား နွံထဲသို့ မနစ်မြုပ်စေရန် နှလုံးသားနှင့်မစဉ်းစားဘဲ ဦးနှောက်ဖြင့် စဉ်းစားကာ “ကူ၍ တွန်းပေးပါ” ဟူ၍ ခေါင်းစဉ်ဖြင့် မျှဝေ ဟောပြောသွားခဲ့ပါသည်။

နာရေးကူညီမှုအသင်းရှိ သင်းသား/သူ လူငယ်လူရွယ်များအား နာရေးကူညီမှုလုပ်ရာတွင် ယုံကြည်မှု (Trust)၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ အုပ်ချုပ်တတ်မှုတို့ သည်အရေးကြီးကြောင်း နာရေးမှမဟုတ်ဘဲ မည်သည့်အသင်း အဖွဲ့တွင်မဆို ၄င်းအရာများ မရှိပါဘဲနှင့် ပါဝင်လာပါက မအောင်မြင် မပေါက်ရောက်နိုင်ကြောင်း ပြောကြားသွား ခဲ့ပါသည်။ မည်သည့်ခေါင်းဆောင်မှ မြတ်စွာဘုရားလောက် ခွင့်လွတ်မှု၊ သည်းခံမှုအပြည့်မ ရှိနိုင်ကြောင်း၊ ကိုယ်ကိုယ်တိုင်တောင် မှန်ကြည့်ပြီး ကဲ့ရဲ့ကာ အမြင်ကတ်နေကြောင်း၊ ထို့ကြောင့် ဖြည့်ဆည်း၍ နားလည်ပေးကြကာ ခရီးဆက်သင့်ကြောင်းကို ဝေမျှသွားခဲ့ပါသည်။ ခေါင်းဆောင်က တစ်၊ နှစ်၊ သုံး “တွန်း” ဟုဆိုရာတွင် တွန်းတဲ့သူ နည်းပါတယ်၊ ထို့ကြောင့် ညီညွတ်ဖို့ လိုပါကြောင်း၊ မြန်မာများသည် သနား ကြင်နာတတ်သည်၊ သို့သော် ညီညွတ်ဖို့ရန် လိုအပ်ပါသည်။ ဒီမိုကရေစီအကြောင်း သိအောင် ကြိုးစားကြပါရန်လည်း တိုက်တွန်းသွားခဲ့ပါသည်။

“ကျွန်းတုံးတတုံးကို တွန်းရာတွင် ခိုတဲ့သူပါရင် လေးပါတယ် ၊ တပြိုင်နက်တည်း မတွန်းရင် လေးပါတယ်၊ ဦးနှောက်အသိဥာဏ် မရှိရင် လေးပါတယ်” ဒါ့ကြောင့် ကူ၍တွန်းပေးကြပါဟု ဆရာအော်ပီကျယ်မှ သတိပေးပြောကြား သွားခဲ့ပါသည်။

ထို့ကြောင့် ဆရာအော်ပီကျယ်ဧ။် “ကူ၍ တွန်းပေးပါ ” ဟူသော စာပေဟောပြောပွဲသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများ၊ မျိုးဆက်သစ် လူမှုရေး ခေါင်းဆောင်များအတွက် တန်ဖိုး မဖြတ်နိုင်သော အတွေးအခေါ်များ၊ အသိဉာဏ်များ တိုးပွားလာစေကာ ရှေ့ဆက်လျှောက်ရမည့် အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်ကြီးအတွက် များစွာ အထောက်အပံ့ကောင်းများ ရရှိစေကာ ပြည်သူပြည်သားအားလုံး စည်းလုံး ညီညွတ်စွာဖြင့် သယံဇာတပေါကြွယ်ဝသော ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးအား ကာကွယ်၊ စောင့်ရှောက်၊ ထိန်းသိမ်းကြရန် အရေးကြီးပါကြောင်း သိရှိလိုက်ရပါတော့သည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 10 2012 11:22 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005