၂၀၁၂ ဆမ်ဘာဝမ်း ဓမ္မဥယျာဉ် သင်္ကြန်ပွဲတော်

စင်ကာပူနိုင်ငံ ဓမ္မဥယျာဉ် ဆရာတော်နဲ့ သင်္ကြန်ပွဲကော်မတီတို့ ဦးစီးပြီး စင်ကာပူနိုင်ငံရောက် မြန်မာမိသားစုအပေါင်းတို့ ရိုးရာ အစဉ်အလာမပျက် ကျင်းပတဲ့ ၂၀၁၂ ဆမ်ဘာဝမ်း ဓမ္မဥယျာဉ် သင်္ကြန်ပွဲတော်ကို ၂၀၁၂ ဧပြီ ၄ ရက် (မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တန်ခူးလပြည့်ကျော် ၂ ရက်) နေ့က စင်ကာပူနိုင်ငံ မြောက်ဘက်ပိုင်းရှိ ဆမ်ဘာဝမ်း (Sembawang) အရပ်တွင် ကျင်းပခဲ့ပါတယ်။

ထို သင်္ကြန်ပွဲတော်တွင် မြန်မာနိုင်ငံနဲ့ ကမ္ဘာသူ ကမ္ဘာသားများ ဘေးရန်ကင်းဝေးစေရန် ဓမ္မဥယျာဉ် တနင်္ဂနွေ ဓမ္မကျောင်း ကျောင်းသူ၊ ကျောင်းသားများက မေတ္တာပို့လင်္ကာများကို သံပြိုင်ရွတ်ဆိုကာ နှစ်သစ်ကို ကြိုဆိုခြင်း၊ စင်ကာပူရောက် အဖိုးအဖွားများအား ဆေး၊ ပစ္စည်း စသည်တို့ဖြင့် ပူဇော်ကန်တော့ခြင်း၊ ကြွရောက်လာတဲ့ ဧည့်ပရိသတ်များအား စတုဒီသာ သင်္ကြန် အစားအစာများဖြင့် ဧည့်ခံခြင်း၊ မြန်မာ့ရိုးရာ အတာသင်္ကြန် အဆိုအကများကို စင်ကာပူရောက် မြန်မာအနုပညာဝါသနာရှင်များရဲ့ Creative Chaos Band, Black Rose Band တို့နဲ့ တွဲဖက် ဖျော်ဖြေခြင်း အစီအစဉ်များနဲ့ မနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။

ဓါတ်ပုံသတင်း - ၂၀၁၂ ဆမ်ဘာဝမ်း ဓမ္မဥယျာဉ် သင်္ကြန်ပွဲတော် - Apr 10 2012 11:21 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005