ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဧပြီ ၂၃ ရက်နေ့တွင် လွှတ်တော် တက်မည်

http://abcnews.go.com/International/wireStory/myanmars-suu-kyi-parliament-seat-april-23-16099748#.T4Luq9WjKrZ

၂၀၁၂ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် အရွေးချယ်ခံခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ၂၀၁၂ ဧပြီ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်ရန် အာဏာပိုင်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အကြောင်းကြားထားကြောင်း သိရှိရပါတယ်။ ထို သတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်က လာတဲ့ အေပီသတင်းတပုဒ်တွင် မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ သမိုင်းဝင် ရွေးကောက်ပွဲ အောင်မြင်မှုကို အခုလ အစောပိုင်းက ရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်အစည်းအဝေးကို ဧပြီ ၂၃ ရက်နေ့တွင် တက်ရောက်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အောက်လွှတ်တော် ရွေးကောက်ပွဲ တက်ရောက်ရန် တရားဝင် ဖိတ်ကြားစာ ရရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက တနင်္လာနေ့ (ဧပြီ ၉ ရက်နေ့) တွင် ပြောကြားခဲ့တယ်လို့ အဆိုပါသတင်းတွင် ဆက်လက် ဖော်ပြထားပါတယ်။

မြန်မာ ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ၂၀၁၁ ခုနှစ်အတွင်းက ကျင်းပခဲ့သလို ၂၀၁၂ ခုနှစ်အတွင်းမှာလည်း ဆက်လက် ကျင်းပခဲ့ကာ မကြာမီကမှ ရပ်နားခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ မရပ်နားမီမှာ အစိုးရ ရသုံး မှန်းခြေ ငွေစာရင်းများနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု၊ ၀န်ကြီးဌာနများရဲ့ အသုံးစရိတ်များ လျော့ချမှုတို့ဟာ အများ စိတ်ဝင်စားတဲ့ ကိစ္စများ ဖြစ်ခဲ့ပါတယ်။ ထို့အပြင် ထို လွှတ်တော် အစည်းအဝေးများက ဥပဒေသစ်များ ပြဌာန်းမှုတွေ ပြုလုပ်ခဲ့သလို သမ္မတရဲ့ ဆုံးဖြတ်ချက်များဟာ ဥပဒေနဲ့ မကိုက်ညီကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အသိအမှတ်မပြုကြောင်း ကြေငြာခဲ့ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲတွင် အရွေးချယ်ခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ်များအား လွှတ်တော် အစည်းအဝေးများ တက်ရောက်ရန် ဖိတ်ကြားလိုက်ခြင်းဟာ သက်ဆိုင်သူများအဖို့ အံ့အားသင့်ဘွယ် ကိစ္စတခုဖြစ်ပြီး ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ပြင်ဆင်ချိန် နှစ်ပတ်ပဲ ရရှိမှာ ဖြစ်ပါတယ်။ လာမယ့်ရက်များအတွင်း မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကာလကို ရောက်ရှိတော့မှာမို့ လွှတ်တော်ကိုယ်စားလှယ်များဟာ အစည်းအဝေး တက်ရောက်ဖို့အရေး တက်သုတ်ရိုက် စီစဉ်ကြရတော့မှာလည်း ဖြစ်ပါတယ်။

ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူများအထဲတွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သလို မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ထောင်ဒဏ်ကျခံခဲ့ရသူများ၊ ပြည်သူများရဲ့ လူမှုရေး လိုအပ်ချက်များ ဖြည့်တင်း ဆောင်ရွက်နေသူများလည်း ပါဝင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များအနေနဲ့ အခုလောက် မြန်မြန် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ထာဝန်ထမ်းဆောင်နိုင်ကြလိမ့်မယ်လို့ မြန်မာ့အရေး လှုပ်ရှားသူများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနဲ့ သက်ဆိုင်ရာ အာဏာပိုင်များကိုယ်တိုင် မမျှော်လင့်ထားကြလေတော့ တခါတရံမှာ အကြောင်းတစုံတရာ တိုက်ဆိုင်လာတဲ့အခါ မမျှော်လင့်ခဲ့တာတွေဟာ အိပ်မက်တခုလို ဖြစ်လာတတ်တယ်လို့ ပြောဖြစ်ဆိုဖြစ်ကြတဲ့စကားဟာ မှန်နေပါလား လို့ ပြောရမှာ ဖြစ်ပါတယ်။
သတင်း - လွှတ်တော် ကိုယ်စားလှယ် - Apr 9 2012 11:52 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005