ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ ဇနီးမောင်နှံ အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ် လာရောက်ရန် စီစဉ်ထား
20120314 FFSS (RGN)

အမေရိကန်ပြည်ထောင်စု အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဖိတ်ကြားချက်အရ နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ဒေါ်ရွှေဇီးကွက်) တို့ဟာ ၂၀၁၂ မေလအတွင်း အမေရိကန်ပြည်ထောင်စုသို့ လာရောက် လည်ပတ်ရန် စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် ဗီဇာကို ၂၀၁၂ ဧပြီ ၅ ရက်နေ့တွင် ရရှိခဲ့ပြီး ဧပြီ ၇ ရက်နေ့တွင် လေယာဉ်ခရီးစဉ်အတွက် အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဦးကျော်သူတို့ ဇနီးမောင်နှံဟာ မေလ ၁ ရက်နေ့ နေ့လည် တနာရီခွဲတွင် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျလိစ်မြို့သို့ ရောက်ရှိမှာ ဖြစ်ပြီး မေလ ၅ ရက်နေ့အထိ လော့စ် အိန်ဂျလိစ်မြို့တွင် နေထိုင်မှာ ဖြစ်ပါတယ်။ ထို့နောက် မေလ ၆ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့၊ မေလ ၁၂ ရက်နေ့တွင် ၀ါရှင်တန်ပြည်နယ်၊ စီယက်တဲလ်မြို့၊ မေလ ၁၃ ရက်နေ့တွင် အာရီဇိုးနားပြည်နယ် ဖီးနစ်မြို့များသို့ ခရီးဆက်မှာ ဖြစ်ပါတယ်။ ထို့နောက် မေလ ၁၉ ရက်နေ့တွင် မေရီလဲန်းပြည်နယ်၊ မေလ ၂၀ ရက်နေ့တွင် နယူးယောက်ပြည်နယ်၊ နယူးယောက်မြို့နဲ့ မေလ ၂၆ ရက်နေ့တွင် နယူးယောက်ပြည်နယ်၊ အယ်လ်ဘာနီမြို့များသို့ ခရီးထွက်မှာ ဖြစ်ကာ မေလ ၂၇ ရက်နေ့တွင် နယူးယောက်မြို့၌ ကျင်းပမယ့် တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကို တက်ရောက်ရန် စီစဉ်ထားကြောင်း သိရပါတယ်။ ဦးကျော်သူတို့ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေထိုင်လျက်ရှိတဲ့ သားဖြစ်သူနဲ့လည်း တွေ့ဆုံမှာ ဖြစ်ကြောင်း သိရပါတယ်။

ဦးကျော်သူဟာ ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ပထမဦးဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူဖြစ်ကာ ရုပ်ရှင်ဒါရိုက်တာ ဦးသုခရဲ့ အကြံပေးမှုများနဲ့အတူ ၂၀၀၁ ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ကာ နာရေး ကူညီမှုအသင်း (ရန်ကုန်) ကို ထူထောင် ဦးဆောင် လုပ်ကိုင်သူတဦး ဖြစ်ပါတယ်။ ဒေါ်ရွှေဇီးကွက်ဟာလည်း လူမှုကူညီ လုပ်ကိုင်မှုများကို အထူး စိတ်ဝင်စားသူဖြစ်ပြီး ခင်ပွန်းသည်နဲ့အတူ နာရေး ကူညီမှုအသင်း (ရန်ကုန်) ဆိုင်ရာ လုပ်ငန်းများနဲ့ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ကိုင်ခဲ့၊ လုပ်ကိုင်နေသူတဦး ဖြစ်ပါတယ်။

ဦးကျော်သူတို့ ဇနီးမောင်နှံရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ပြည်နယ်အသီးသီးရှိ ပြည်သူ့ဂုဏ်ရည် အသင်းသာများနဲ့ တွေ့ဆုံမှာ ဖြစ်သလို နာရေး ကူညီမှုအသင်း (ရန်ကုန်) ရဲ့ လုပ်ငန်းဆောင်တာများ ရှင်းလင်း ဟောပြောခြင်း၊ မြန်မာပြည်သူများရဲ့ လူမှုရေး လိုအပ်ချက်များနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲများ တက်ရောက်ခြင်းများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။
သတင်း - ဦးကျော်သူ ဒေါ်ရွှေဇီးကွက် ပြည်သူ့ဂုဏ်ရည်အသင်း - Apr 9 2012 07:59 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005