ရန်ကုန်တိုင်း၊ ကော့မှူးမြို့ အမေ့အလင်းရောင် (ပညာဒါန) ကျောင်းဆောင်သစ် ဖွင့်ပွဲ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့ အမေ့အလင်းရောင် (ပညာဒါန) ကျောင်းဆောင်သစ် ဖွင့်ပွဲကို ၂၀၁၂ ဧပြီ ၈ ရက် (တနင်္ဂနွေ) နေ့က ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်မှ တာဝန်ရှိသူများ၊ ကျောင်းကော်မတီဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပါတယ်။

အမေ့အလင်းရောင် (ပညာဒါန) ကျောင်းကို ၂၀၁၁ ဧပြီလတွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၁ - ၂၀၁၂ ပညာသင်နှစ်အတွင်း အခြေခံပညာ မူလတန်းမှ အလယ်တန်းအဆင့်အထိ ကျောင်းသူ/ကျောင်းသားပေါင်း ၁၂၁ ဦးကို စေတနာဆရာ ၁၃ ဦးတို့က ပညာသင်ကြားပေးခဲ့ပါတယ်။ ထို့နောက် ကျောင်းတာဝန်ခံ ဒေါ်သန်းလှက သူ့ရဲ့မြေကွက်ကို ကျောင်း ဆောက်လုပ်နိုင်ရန် လှူဒါန်းခဲ့ပြီး ပြည်တွင်း၊ ပြည်ပ အလှူရှင်များရဲ့ စုပေါင်းထည့်ဝင် လှူဒါန်းငွေနဲ့ ကျပ်ငွေ သိန်း ၅၀ တန် ကျောင်းဆောင်သစ်ကို ဆောက်လုပ်နိုင်ခဲ့ပြီးနောက် ဧပြီ ၈ ရက်နေ့တွင် ကျောင်းဖွင့်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်။

အခုအခါ ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်အတွက် ကျောင်းသားသစ်များ လက်ခံနေပြီ ဖြစ်ကြောင်း၊ ကျောင်းဆောင်သစ် အောင်မြင်စွာ ဆောက်လုပ်ပြီးစီးနိုင်ခဲ့သော်လည်း ကျောင်းသူ ကျောင်းသားများအတွက် စာရေးစာပွဲနဲ့ ထိုင်ခုံ အစုံ ၄၀ ခန့် လိုအပ်နေသေးကြောင်း၊ ထိုင်ခုံ တစုံလျှင် ကျပ်သုံးသောင်းခန့် ကုန်ကျမှာ ဖြစ်ကြောင်းနဲ့ ပါဝင် လှူဒါန်းလိုတဲ့ စေတနာရှင်များအနေနဲ့ ကော့မှူးမြို့၊ ဘုရားလမ်းရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားလမ်းရှိ အမေ့အလင်းရောင် (ပညာဒါန) ကျောင်းတွင် လှူဒါန်းနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပညာရေးကွန်ရက်က ပေးပို့တဲ့ သတင်းတွင် ဖော်ပြထားပါတယ်။

ဓါတ်ပုံသတင်း - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် အမေ့အလင်းရောင် (ပညာဒါန) ကျောင်း - Apr 9 2012 07:29 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005