အမေရိကန်သံအမတ်အဖြစ် ဒဲရစ်မစ်ချယ်လ် ဖြစ်လာနိုင်ခြေ ရှိ
20120315 DASSK Derek Mitchell

လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူ ဒဲရစ်မစ်ချယ်လ်အား ၁၉၉၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ခန့်အပ်မယ့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးရာထူး ရွေးချယ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဆိုင်ရာ မူဝါဒများနဲ့ နိုင်ငံတကာ ရေးရာကိစ္စများကို ဇောင်းပေးရေးသားတဲ့ နိုင်ငံခြားရေးမူဝါဒ (Foreign Policy) မဂ္ဂဇင်း အင်တာနက်စာမျက်နှာတွင် ဧပြီ ၅ ရက်နေ့ ရက်စွဲနဲ့ ရေးသား ဖော်ပြထားပါတယ်။ (http://thecable.foreignpolicy.com/posts/2012/04/05/names_derek_mitchell_to_be_named_ambassador_to_burma) ဒဲရစ် မစ်ချယ်လ်ကို သံအမတ်အဆင့်၊ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်သူ အဖြစ် ဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၁ ဧပြီ ၁၄ ရက်နေ့တွင် အဆိုပြုခဲ့ပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်က ၂၀၁၁ သြဂုတ် ၂ ရက်နေ့တွင် အတည်ပြုခဲ့ပါတယ်။

ဒဲရစ်မစ်ချယ်လ်ကို မြန်မာနိုင်ငံကို အခေါက်ခေါက် အခါခါ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရအကြား ကြားဝင် ဆောင်ရွက်ပေးကာ မြန်မာပြည် ပြောင်းလဲရေး ခရီးစဉ် ချောမွေ့အောင် ဆောင်ရွက်သူအဖြစ် လူသိများကြပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရအကြားက ဆွေးနွေးမှုများကို ကြားဝင် ဆောင်ရွက်ရုံတင်မက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်ရဲ့ ခရီးစဉ် အပါအ၀င် အမေရိကန်နိုင်ငံနဲ့ မြန်မာအစိုးရတို့အကြား ဆက်ဆံရေး ပိုမို ချောမွေ့အောင် ဆောင်ရွက်နိုင်သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ သူဟာ မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်မယ်ဆိုရင် သင့်တော်သူတဦးဖြစ်ကြောင်း အကဲခတ်များက သုံးသပ်ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်က တရားဝင် ကြေငြာချက် အရင် ထုတ်ပြန်ပြီးနောက် ရန်ကုန်တွင် အမြဲတမ်း အမေရိကန်သံအမတ်ကြီး ခန့်အပ်မှာ ဖြစ်ကြောင်း ဧပြီ ၄ ရက်နေ့မှာ ထုတ်ဖော် ပြောကြားပြီးနောက် နိုင်ငံခြားရေးမူဝါဒ မဂ္ဂဇင်း အင်တာနက်စာမျက်နှာတွင် ဧပြီ ၅ ရက်နေ့က ဒဲရစ်မစ်ချယ်လ်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ရွေးချယ်ထားကြောင်း သတင်း ဖော်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ၁၉၉၀ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံကို သံတမန်အဆင့် နှိမ့် ဆက်ဆံခဲ့ပြီးနောက် ၂၀၁၂ ဧပြီလဆန်းပိုင်းမှာ သံအမတ်ကြီး ခန့်အပ်ကာ ပြန်လည် ဆက်ဆံမှာဖြစ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အပါအ၀င် အမေရိကန်လွှတ်တော်အမတ်များရဲ့ မြန်မာပြည်ခရီးစဉ်များ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့ကာ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ကူညီ ဆောင်ရွက်မှုများလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒဲရစ်မစ်ချယ်လ် ဟာ ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ နည်းဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (Center for Strategic and International Studies (CSIS)) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးရုံးတွင် လက်ထောက် အတွင်းဝန် ရာထူးနဲ့ အာရှ၊ ပစိဖိတ်ရေးရာကိစ္စများကို ကိုင်တွယ် ဆောင်ရွက်ခဲ့သူ ဖြစ်ကာ ဧပြီ ၆ ရက်နေ့က သူ့ကို အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် လျာထားခဲ့ပါတယ်။

ကိုးကား

http://www.whitehouse.gov/briefing-room/nominations-and-appointments

http://en.wikipedia.org/wiki/Derek_James_Mitchell

http://thecable.foreignpolicy.com/posts/2012/04/05/names_derek_mitchell_to_be_named_ambassador_to_burma
သတင်း - ဒဲရစ် မစ်ချယ်လ် - Apr 9 2012 06:26 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005