ဒေါပုံတွင် ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးရန်ပုံငွေ ဂီတပွဲ

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်တွင် ကျင်းပခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲ မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါတယ်။ (ပေးပို့သူက ကျင်းပတဲ့ နေ့ရက် ဖော်ပြမထားတဲ့အတွက် ဘယ်နေ့က ကျင်းပသလဲဆိုတာတော့ မသိရပါ - အယ်ဒီတာ) ထို ဖျော်ဖြေပွဲတွင် ဆောင်းဦးလှိုင်၊ သျှီ အပါအ၀င် ခေတ်ပေါ်ဂီတပညာရှင်များက ဖျော်ဖြေသွားခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ယက်အဖွဲ့ဟာ အမေ့အိမ် ပညာဒါနကျောင်းများ ဖွင့်လှစ်ကာ အခြေခံလူတန်းစားများရဲ့ ရင်သွေးငယ်များကို အခမဲ့ ပညာသင်ကြားပေးနေသလို တိုင်းရင်းသားဒေသများရှိ စာသင်ကျောင်းများကိုလည်း ထောက်ပံ့ငွေများ လှူဒါန်းနေပါတယ်။ အမေ့အိမ် ပညာဒါနကျောင်းများ စတင် ဖွင့်လှစ် စာသင်ပေးခဲ့စဉ်က အာဏာပိုင်များရဲ့ စောင့်ကြည့်မှု၊ ဖိအားပေးမှုများ ကြုံဆုံခဲ့ရသော်လည်း နောက်ပိုင်းမှာတော့ ရန်ပုံငွေ ရှာဖွေပွဲများ ကျင်းပနိုင်ခဲ့သလို လုပ်ငန်းများကိုလည်း အနှောက်အယှက်ကင်းစွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။










ဓါတ်ပုံသတင်း - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးရန်ပုံငွေ ဂီတပွဲ ဒေါပုံ - Apr 7 2012 03:31 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012