ရွှေည၀ါဆရာတော်အား နှုတ်ဆက်ခြင်း အမှတ်တရ ပူဇော်ပွဲ
20120220 Shwe Nwa War Sayardaw

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓု ဗုဒ္ဓတက္ကသိုလ်မှ ထွက်ခွာရန် မတရားအမိန့်ပေးခံရတဲ့ ရွှေည၀ါဆရာတော် ဘဒ္ဒန္တဦး​ပညာသီဟအား တပည့် ဒါယိကာ၊ ဒါယိကာမများက နှုတ်ဆက်ခြင်း အမှတ်တရ ပူဇော်ပွဲကို ၂၀၁၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၈ နာရီက သာဓုပရိယတ္တိစာသင်တိုက်တွင် ကျင်းပရာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ သီလရှင်များ၊ ဒါယိကာဒါယိကာမများ ခန်းလုံးပြည့်မျှ တက်ရောက် နှုတ်ဆက် ပူဇော်ခဲ့ကြပါတယ်။ ထို အခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ဆရာတော်အား ဂုဏ်ပြု ဂါရ၀ပြုစကား ပြောကြားခဲ့ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာနဲ့အညီ ကြည်ညို ဂုဏ်ပြုထိုက်သူ ရွှေည၀ါဆရာတော်အား ဂါရ၀ပြုကာ နှုတ်ဆက် ပူဇော်ခဲ့ကြပါတယ်။

မြန်မာအာဏာပိုင်များ အမိန့်ပေး စေခိုင်းမှုကို မလွန်ဆန်နိုင်တဲ့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များဟာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီးက ရွှေည၀ါဆရာတော်အား ဂရုဏာသက်စွာ အခွင့်ပေးတော်မူခဲ့တဲ့ တရားဟောကြားခွင့်ကို ပြန်လည် ပိတ်ပင်ခဲ့သလို ကျောင်းတိုက်မှ ထွက်ခွာရန် အကြောင်းကြားစာကိုလည်း ဆင်ခြင်တုံတရား ကင်းမဲ့စွာ ထုတ်ပြန်ခဲ့ပါတယ်။ ထိုသို့ ပြုမူခြင်းနဲ့ ပတ်သက်ပြီး ၂၀၁၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၃ တွင် ရွှေည၀ါဘုန်းကြီး ဦးပညာသီဟအား သာဓု ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်မှ ထွက်ခွာရန် နှင်ထုတ်ခြင်းဆိုပြီး ဂါရ၀တရားကို ဥပက္ခာပြုစွာ သုံးနှုန်း ရေးသားထားပါတယ်။

ရွှေည၀ါဆရာတော်ဟာ ၂၀၁၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် သာဓု ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်မှ ခေတ္တ သီတင်းသုံးနေထိုင်မယ့် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ယာယီကျောင်းသင်္ခန်းရှိရာသို့ နောက်ပါတပည့်သံဃာများနဲ့အတူ ကြွချီတော်မူခဲ့ရာ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ တပည့် ဒါယိကာ၊ ဒါယိကာမများက ကားပေါင်းမြောက်များစွာနဲ့ လိုက်ပါ ပို့ဆောင်ကြသလို ယာယီကျောင်းသင်္ခန်းနေရာတွင်လည်း ပျားပန်းခတ်မျှ ကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံတော်သံဃမဟာနာယကဆရာတော်များဟာ ရွှေည၀ါဆရာတော်အား ကျောင်းတိုက်မှ ထွက်ခွာရန် အကြောင်းကြားစာ ထုတ်ပြန်ခဲ့မှုအပေါ် ကန့်ကွက်ခဲ့တဲ့ ဒယ်အိုးဆရာတော်ကိုလည်း တရားဟောကြားခွင့် ပိတ်ပင်စာ ထုတ်ပြန်ခဲ့ပါတယ်။
20120220 Shwe Nwa War Sayardaw

20120220 Shwe Nwa War Sayardaw

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ရွှေည၀ါဆရာတော်အား ဂုဏ်ပြု ဂါရ၀ပြုစကား ပြောကြားစဉ်

20120220 Shwe Nwa War Sayardaw

20120220 Shwe Nwa War Sayardaw

ဓါတ်ပုံသတင်း - ရွေည၀ါ ဆရာတော် - Feb 20 2012 06:13 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005