လော့စ် အိန်ဂျလိစ်မြို့ သုန္ဒရာရာမ ဗြဟ္မ၀ိဟာရကျောင်းတွင် ကျင်းပတဲ့ တိပိဋကဓရဆရာတော်နှစ်ပါးရဲ့ တရားပွဲ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ တိပိဋကနိကာယကျောင်းတိုက် မဟာနာယက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက သတ္တမမြောက် ရွှေရတု တိပိဋကဆရာတော် ဘဒ္ဒန္တ၀ံသပါလာလင်္ကာရနဲ့ ၂၀၁၂ ခုနှစ်တွင် တိပိဋကဓရ ဖြေဆိုအောင်မြင်တော်မူတဲ့ ရန်ကုန်မြို့၊ တိပိဋကနိကာယကျောင်းက ဘဒ္ဒန္တပညာသိရီလင်္ကာရ ဆရာတော်နှစ်ပါးဟာ ထိုင်းနဲ့ အမေရိကန်ပြည်ထောင်စုအတွင်း ဓမ္မဒူတခရီး ကြွချီတော်မူနေရာ ၂၀၁၂ မတ်လ ၃၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ် အိန်ဂျလိစ်မြို့ကို ရောက်ရှိတော်မူခဲ့ကြပါတယ်။

လော့စ် အိန်ဂျလိစ်မြို့ သုန္ဒရာရာမ ဗြဟ္မ၀ိဟာရကျောင်း၌ သီတင်းသုံးနေထိုင်တော်မူစဉ် တိပိဋကဓရဆရာတော် နှစ်ပါးဖြစ်ကြတဲ့ ဆရာတော် ဘဒ္ဒန္တ၀ံသပါလာလင်္ကာရနဲ့ ဆရာတော် ဘဒ္ဒန္တပညာသိရီလင်္ကာရတို့ဟာ ၂၀၁၂ မတ်လ ၃၁ ရက်နေ့ ည ၈ နာရီနဲ့ ၂၀၁၂ ဧပြီ ၁ ရက်နေ့ ည ၈ နာရီအချိန်များက ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့အား တရားတော်များ ချီးမြှင့် ဟောကြားတော်မူခဲ့ကြကြောင်း သတင်းရရှိပါတယ်။

လော့စ် အိန်ဂျလိစ်မြို့ကို ဆရာတော်နှစ်ပါး ဆိုက်ရောက်စဉ်

တိပိဋကဓရဆရာတော် ဘဒ္ဒန္တပညာသိရီလင်္ကာရ

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက သတ္တမမြောက် ရွှေရတု တိပိဋကဆရာတော် ဘဒ္ဒန္တ၀ံသပါလာလင်္ကာရ

ဓါတ်ပုံသတင်း - တိပိဋကဆရာတော်နှစ်ပါး တရားပွဲ - Apr 5 2012 12:10 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005