၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်စာရင်း
20120403 New Light of Myanmar

၂၀၁၂ ဧပြီ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မှ

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များက ၄၃ နေရာ၊ ရှမ်းတိုင်ရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ၁ နေရာနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ၁ နေရာ အနိုင်ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၂ ရက်နေ့နဲ့ ဧပြီ ၃ ရက်နေ့ညနေ ၆ နာရီတွင် ကြေငြာခဲ့ပါတယ်။ ကနဦးသတင်းများအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရှမ်းပြည်နယ် အမှတ် ၃ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရနိုင်ကြောင်း သိခဲ့ရပေမယ့် မရေတွက်ရသေးတဲ့ မဲများ၊ ဆက်သွယ်ရန် ခက်ခဲတဲ့ နေရာများက မဲစာရင်းများအရ ရှမ်းတိုင်ရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ကိုယ်စားလှယ်လောင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း အမှတ် ၇ မဲဆန္ဒနယ်ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်ကို လက်မခံ ခဲ့တဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါဝင် ယှဉ်ပြိုင်ခြင်း မပြုခဲ့တဲ့ မဲဆန္ဒနယ် ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲဟာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာ ၄၈ နေရာအနက် ၄၅ နေရာအတွက် ကျင်းပခဲ့တာ ဖြစ်ပြီး မကျင်းပဖြစ်တဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ နယ်အတွက် ရွေးကောက်ပွဲကိုတော့ ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာ မသိသေးပါဘူး။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် များ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ

ရန်ကုန်တိုင်း
၁။ ကော့မှူး - ဒေါ်အောင်ဆန်းစုကြည်
၂။ သုံးခွ - ဒေါ်စုစုလွင်
၃။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) - ဒေါက်တာမျိုးအောင်
၎။ လှည်းကူး - ဦးဖြိုးမင်းသိန်း
၅။ မရမ်းကုန်း - ဒေါက်တာမေ၀င်းမြင့်
၆။ မင်္ဂလာတောင်ညွန့် - ဒေါ်ဖြူဖြူသင်း

မန္တလေးတိုင်း
၇။ မဟာအောင်မြေ - ဦးအုန်းကြိုင်
၈။ မိတ္ထီလာ - ဦးဝင်းထိန်
၉။ တံတားဦး - ဒေါ်ခင်သန္တာ
၁၀။ ပြင်ဦးလွင် - ဦးကျော်သီဟ
၁၁။ နွားထိုးကြီး - ဦးပေါခင်
၁၂။ ကျောက်ပန်းတောင်း - ဒေါက်တာဇော်မြင့်မောင်

ကြပ်ပြေး နေပြည်တော်
၁၃။ ဇမ္ဗူသီရိ - ဒေါ်စန္ဒာမင်း
၁၄။ ပုဗ္ဗသီရိ - ဦးဖြိုးဇေယျာသော်
၁၅။ ဒက္ခိဏသီရိ - ဦးနိုင်ငံလင်း
၁၆။ ဥတ္တရသီရိ - ဦးမင်းသူ

မကွေးတိုင်း
၁၇။ တောင်တွင်းကြီး (အမျိုးသားလွှတ်တော်) - ဦးအောင်ကြည်ညွန့်
၁၈။ မကွေး - ဦးမြင့်သိန်း
၁၉။ ပွင့်ဖြူ - ဒေါက်တာအောင်မိုးညို
၂၀။ ရေစကြို - ဦးတိုးရွှေ (ခ) ဦးတင်ဌေးအောင်
၂၁။ မြိုင် - ဦးမြင့်အောင်
၂၂။ ပခုက္ကူ - ဦးပိုက်ကို

ရှမ်းပြည်နယ်
၂၃။ ကလော - ဒေါက်တာဒေါ်သန်းငွေ

ပဲခူးတိုင်း
၂၄။ ထန်းတပင် - ဦးစိန်ထွန်း
၂၅။ လက်ပံတန်း - ဦးကျော်မင်း
၂၆။ တောင်ငူ - ဦးအောင်စိုးမြင့်
၂၇။ က၀ (၂) (တိုင်းလွှတ်တော်) - ဦးမျိုးခိုင်
၂၈။ သနပ်ပင် - ဦးမြင့်ဦး
၂၉။ ပဲခူးတိုင်း အမှတ် (၇) (သနပ်ပင်) (အမျိုးသားလွှတ်တော်) - ဦးမင်းဦး

မွန်ပြည်နယ်
၃၀။ မော်လမြိုင် - ဒေါ်ခင်ဌေးကြွယ်

ဧရာဝတီတိုင်း
၃၁။ မအူပင် - ဦးစိန်ဝင်း
၃၂။ ၀ါးခယ်မ - ဒေါ်မြင့်မြင့်စန်း
၃၃။ ပုသိမ် - ဦးဝင်းမြင့်
၃၄။ မြောင်းမြ - ဦးမန်းဂျော်နီ
၃၅။ မြန်အောင် - ဦးကျော်မြင့်
၃၆။ ဧရာဝတီတိုင်း အမှတ် (၁၀) (ဖျာပုံ၊ ဒေးဒရဲ) (အမျိုးသားလွှတ်တော်) - ဦးသိမ်းဆွေ
၃၇။ ရေကြည် (၂) (တိုင်းလွှတ်တော်) - ဒေါက်တာလှမြတ်သွေး

စစ်ကိုင်းတိုင်း
၃၈။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် (စစ်ကိုင်းတိုင်း မဲဆန္ဒနယ် (၃) အမျိုးသားလွှတ်တော်) - ဒေါက်တာမြင့်နိုင်
၃၉။ ပုလဲ - ဒေါ်ခင်စန်းလှိုင်
၄၀။ စစ်ကိုင်း - ဦးခင်မောင်သိန်း
၄၁။ မင်းကင်း - ဒေါ်ခင်မွှေးလွင်

တနင်္သာရီတိုင်း
၄၂။ ကျွန်းစု - ဒေါ်တင်တင်ရီ
၄၃။ လောင်းလုံ - ဦးအောင်စိုး

အခြားပါတီနှစ်ခုက လွှတ်တော် ကိုယ်စားလှယ် များ

ရှမ်းတိုင်ရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)

၁။ ရှမ်းပြည်နယ် အမှတ်(၃) (အမျိုးသားလွှတ်တော်) - ဦးစိုင်းစံမင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ

၁။ စစ်ကိုင်းတိုင်း အမှတ်(၇) (အမျိုးသားလွှတ်တော်) - ဦးတင်မြ

သတင်း - ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ - Apr 3 2012 10:39 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005