အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်မြင်မှုကို ကြိုဆို ထောက်ခံတဲ့ စာနဲ့ ကဗျာများ
NLD Flag

မုံရွာ နည်းပညာကျောင်းသားများရဲ့ စာ

NLD က ရွေးကောက်ပွဲတွေအားလုံးလိုလိုနိုင်လို့ ကျွန်တော်တို့ အားလုံး ၀မ်းသာပါတယ်။
အမေစု ကျန်းမာပါစေ။

MONYWA (TU)
နည်းပညာကျောင်းသားများ
1GEC – A

x x x

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသူတဦးရဲ့ စာ

I am so happy now.

မြန်မာပြည်ကို နှိင်ငံတကာလို အဆင့်တန်း မြင့်မားစေချင်တယ်။ နိုင်ငံတိုင်းမှာ လူတွေဟာ ဆင်းရဲတယ် ချမ်းသာတယ် ဆိုတာ မြန်မာဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ လက်ခံပါတယ်။ ဒါပေမဲ့ လူမူရေး ၊ ပညာရေး ၊ စီးပွားရေး ၊ စားဝတ်နေရေး ဟာ အတိုင်းအတာတခုထိတော့ ရှိသင့်ပါတယ်။ လူအခွင့်ရေးဟာ လူသားတိုင်းမှာ အတိုင်းအတာတခုတော့ ရှိသင့်ပါတယ်။ နှိင်ငံတိုင်းက လူတွေဟာ လူမူရေး၊ စီးပွားရေး၊ ပညာရေး တိုးတက်ရာ ရှာဖွေရင်း ဘ၀မှာ ရုန်းကန် လူပ်ရှားရင်း ရှင်သန်နေကြတယ်။ လူတိုင်း ကားစီးနိုင်တယ်၊ ဖုန်း သုံးနိုင်တယ်၊ လူတန်းစေ့ ၀တ်နိုင်စားနိုင် သုံးနိုင်တယ်၊ လိုချင်တဲ့ပညာကို ပူပင်ကြောင့်ကြမဲ့စွာ သင်ယူနိုင်တယ်။

မြန်မာပြည်မှာက ဆင်းရဲသား လူတန်းစားတွေမှာ ဘ၀၀မ်းတထွာအတွက် အိမ်မှာ မိသားစု ၁၀ ယောက်ရှိလည်း ၁၀ ယောက်လုံး ငွေကြေးကို ပင်ပန်းစွာ ရှာဖွေမှ စားဝတ်နေရးအတွက် ပြေလည်တယ်ဆိုရုံပဲ။ ကျန်တဲ့ အတိုင်းအတာဆိုတာ အိပ်မက်လိုပါ ပဲ။ ရခဲလှတဲ့ လူဘ၀မှာ စားဝတ်နေရေးအတွက် ပင်ပန်းဆင်းရဲစွာ ရုန်းကန်ရင်း အချိန်တွေ ကုန်၊ အသက်တွေ ကြီး၊ ဘ၀တွေသာ ပြီးဆုံးသွားတယ်၊ လူ့စည်းစိမ်ဆိုတာ မခံစားလိုက်ရတဲ့ လူဖြစ်ရကျိုး မနပ်တဲ့သူတွေ အများကြီး ပါ။ ရုပ်မြင်သံကြား၊ ရေခဲသေတ္တာ၊ အိမ်ဖုန်း၊ လက်ကိုင်ဖုန်း ၊ အိမ်တွင်းပစ္စည်း လူအသုံးအဆောင်တွေ ၊ တိုက်တွေ၊ ကားတွေ၊ ရတနာတွေဆိုတဲ့ လူ့စည်းစိမ်တွေဟာ ငွေကြေးချမ်းသာတဲ့သူတွေအတွက် သီးသန့် ထုတ်လုပ်ထားသလား လို့ (အခုအချိန် မလေးရှားမှာ ရောက်ရှိနေတဲ့ ကျမက) မေးချင်ပါတယ်။

ရန်ကုန်လို မြို့ကြီးပြကြီးတွေမှာ အိမ်ခြံမြေတွေ သိန်းထောင်ချီ၊ သောင်းချီရှိနေတဲ့အချိန်မှာ အခြေခံလူတန်းစားတွေအဖို့ သိန်းဆယ်ဂဏန်းတောင် အနားကပ်ဖို့ မလွယ်ပါဘူး။ အဲဒါတွေဟာ ဘာကြောင့်လဲဆိုတော့ ချမ်းသာတဲ့သူတွေ ရသမျှ ငွေကြေး အိပ်ထဲထည့်နေတဲ့အချိန်မှာ အခြေခံလူတန်းစားတွေရဲ့ ၀င်ငွေ လုပ်အားခဟာ မတန်တဆ နည်းပါးလို့ ပါ။ ဥပမာ (စက်မူဇုံမှာ အလုပ် လုပ်နေတဲ့ အလုပ်သမားတယောက်ရဲ့ တလ၀င်ငွေဟာ ချမ်းသာတဲ့သူဋ္ဌေးသမီးတယောက်ရဲ့ ဖိနပ်တရံဖိုးတောင် မရှိပါဘူး။) မြန်မာတွေ ပြောလေ့ရှိတဲ့စကားလို တမိပေါက် တယောက်ထွန်း ဆိုတဲ့အတိုင်း အိမ်တအိမ်မှာ ဘွဲ့ရပညာတတ်တယောာက် ဆိုတာလည်း မရှိသလောက် ရှားပါးတယ်၊။ ကျမတို့ဘ၀တွေဆိုရင်လည်း ပညာမတတ်ပဲ မလေးရှားမှာ အလုပ်ကြမ်း လုပ်ရင်း ၊ချွေတာ စုဆောင်းရင်း အမေ့အိမ်ကို ငွေထုပ်ပိုက် ပြန်နိုင်ဖို့အတွက် ရုန်းကန်နေကြတဲ့သူတွေဟာ အများကြီးပါ ပဲ။

ခလေးဘ၀ ရွာမှာနေတုန်းက ကြားဖူးနားဝ အသက်၇၀၊ ၈၀ အဘိုးအဘွားတွေ ပြောပြတဲ့ သူတို့ငယ်ဘ၀မှာ ( ဆီကို ရေချိုး ဆေးရိုး မီးလှုံ စပါး တောင်လို ပုံ) တဲ့၊ ကျမတို့ဘ၀မှာတော့ ငယ်စဉ်ကနေ အခုချိန်ထိ အရာအားလုံးကို ခြိုးခြံ ခြွေတာစနစ်နဲ့ ဖြတ်သန်းနေရတုန်းပါ ပဲ။

မြန်မာပြည်ရဲ့ မတူညီ ကွာခြားတဲ့ လူနေမူအဆင့်ကိုပြရရင် အခုခေတ် မော်ဒယ်၊ ရုပ်ရှင်မင်းသမီးတွေ၊ ရန်ကုန်မြို့နေ သူဋ္ဌေးသမီးတွေရဲ့ ၀တ်းစားဆင်ယင်မှုတွေ၊ အဆင့်အတန်းမြင့်စွာ နေထိုင်မှုတွေဟာ တောနေလူတန်းစား ဆင်းရဲသားတွေနဲ့ယှဉ်လိုက်ရင် မိုးနဲ့ မြေ ၊ ဆီ နဲ့ရေ လို ကွာခြားနေတယ်။ ကျမတို့လို တောနေ ဆင်းရဲသားလူတန်းစားတွေဟာ သူများတွေကို အားကျငေးမောစိတ်နဲ့ ကြည့်ရင်း ပင်ကိုယ် အခြေခံစိတ်ဓာတ်တွေဟာ သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေနဲ့ လူတွေရဲ့နောက်တန်းမှာနေရင်း ဘ၀တွေဟာ ရိုင်းစိုင်းကြမ်းတမ်းရင်း စိတ်ဓာတ်တွေ၊ လူနေမူအဆင့်တန်းတွေဟာ နိမ့်ကျလာတယ်။

x x x

အမစုသို့ 

သခင်မျိုးဟေ့ ဒို့ဗမာ
ဒီမိုကရေစီအရေး ဟေ့
စည်းလုံးပါ။
အာဏာရှင်စနစ်ကို ဖျက်သိမ်းပါ။
ကျောင်းသားပြည်သူ ၀ိုင်းလို့ ကူ
ဒို့ခေါင်းဆောင်က အမေစု
NLD ကို အခြေပြု
လွတ်လပ်ဖို့အရေး ဒို့ မနှေး
ဗိုလ်ချုပ်လမ်းစဉ် လိုက်စို့လေး။

TU (MONYWA)

x x x

ဒီမိုကရေစီဟေ့ ဒီမိုကရေစီ
အောင်ရမည် ဒီအရေး
ဗိုလ်လရောင် ဗိုလ်တေဇ
ပီသတဲ့ သွေး
ခွပ်ဒေါင်းတို့ လေအဟုန်မှာ
စုံခုန်ကာ တောင်ပံခတ်လေတော့
ဘ၀ဂ်ညံ မြန်ပြည်တလွှားမှာ
ထူးတဲ့ အောင်ပွဲ။

(NLD ခေါင်းဆောင်ကြီးများနှင့် အမေစု ဦးဆောင်သော ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ပါတီကိုယ်စားလှယ်တော်ကြီးများအားလုံးအား ဤကဗျာလေးဖြင့် ချို့တဲ့စွာ ဂုဏ်ပြုလိုက်ပါသည်။)

ကျနော် မောင်လူဝေး ပါ။
၂၊ ၄၊ ၂၀၁၂
မလေးရှားနိုင်ငံ

x x x

သူ့ အတွက် ပီတိ

ပြိုင်ပွဲမှာ
သခင်မ ကိုယ်တိုင်ပါတဲ့ အသင်း
နိုင်ပြီဆိုတဲ့ သတင်းကြားတော့
ဝမ်းအလွန့် အလွန်ကိုပင် သာလွန်းလို့ 
ရှိထားတဲ့ သမာဓိတရားတောင်
ဘယ်ချောင်ဆီ လွင့်ပျောက်သွားသည် မသိ
နှာသီးဖျားမှာ လာထိသည့် ဝင်လေထွက်လေ လေး
ခေတ္တတောင် ရပ်သွားလိုက်သေးတယ်။

သူ့ နန္ဒ
အယ်ဒီတာထံ ပေးစာ - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ - Apr 2 2012 07:59 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005